သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရသေ့တောင်မြို့အနီးရှိ ကျေးရွာများကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်၍ ကျေးရွာတချို့ မီးလောင်ပျက်စီးနေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်၊ ရသေ့တောင်မြို့ အနီးရှိ ကျေးရွာများကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကျေးရွာတချို့မီး လောင်ပျက်စီးသွားသည်ဟုသတင်းရရှိသည်။

ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉နာရီမှ စ၍ နေ့လယ် ၁၂ နာရီအထိ စစ်ကောင်စီမှ ခနောင်းကြီး၊ ကံပြင်၊ ရွာသစ်ကေ ကျေးရွာများကို  ဂျက်တိုက်လေယာဉ်ဖြင့်ဗုံးကြဲခဲ့သည်ဟု ရသေ့တောင်ဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" မနက် ၉နာရီက‌ နေ ၁၂ နာရီ အထိ တိုက်‌ လေယာဉ်နဲ့ ဗုံးကြဲချတာ။ တိုက်ပွဲမရှိဘူး။ ပြီးတော့ ခဏရပ်ပြီး ၁နာရီခွဲ ၂နာရီလောက်ကနေ ဂျက်တိုက်လေယာဉ်နဲ့ဗုံးကြဲတာ အခု ညနေ ၄နာရီမှာရပ်နေပါတယ်။ သူတို့ကို ဝင်တိုက်မယ်ဆိုတဲ့ သတင်းရလို့ တပ်ရင်းတွေအနီးက ရွာတွေကို  ဗုံးကြဲတာလို့သိရတယ်  " ဟုပြောသည်။

စစ်ကောင်စီမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ခနောင်းကြီး၊ ကံပြင်၊ ပြာပင်ရင်း ကျေးရွာတွင် မီးလောင်မှုများရှိခဲ့ကြောင်း၊ ရွာသားများမှာ ယခင်ကတည်းက  ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်သဖြင့် အထိအခိုက်မရှိဟု ကြားသိရကြောင်း ၎င်းကပြောသည်။

" ကျနော်တို့လှမ်းမြင်ရတာ ခနောင်းကြီးနဲ့အနီးအနားဝန်းကျင်ကို မြင်ရတယ်။ ဒီနေ့ ခနောင်းကြီးဖက်တို့ ရွာပြာကျမလို ဖြစ်သွားတယ်" ဟုပြောသည်။

ရသေ့တောင်မြို့နယ်အတွင်း၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ စတင် ဖြစ်ပွားလျက်ရှိကြောင်း၊ တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီသည် လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်း ပူးပေါင်းခုခံစစ်ဖြင့် အသည်းအသန် ခုခံကာကွယ်တိုက်ခိုက်လျက်ရှိကြောင်း ယမန်နေ့ ဖေဖော်ဝါရီ၁၅ရက် ညက ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  (NN-11) 

 

ဆက်စပ် သတင်းများ