နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆/၂၀၂၃
မင်းပြားမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ နည်းဗျူဟာ (၂) ခမ၇(၃၇၉)၊ ခမ၇ (၃၈၀) နှင့် ခမ၇ (၅၄၁) တို့အား ရက္ခိုင့်တပ်တော်မှအပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များနှင့်စစ်အသုံးအဆောင်ပစ္စည်းများကို ထုတ်ပြန်ပြသသည်။
ရက္ခိုင့်တပ်တော်( AA)သည် မင်းပြားမြို့တွင်ခမ၇ (၃၈၀)၊ (၃၇၉)နှင့် (၅၄၁) တပ်ရင်း ၃ ရင်းရှိရာ ခမ၇ (၃၈၀) ကို လွန်ခဲ့သည့် ဇန်ဝါရီ ၂၈ရက်နေ့ အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်နေ့တွင်ကျန်ရှိနေသေးသည့် (၃၇၉) နှင့် (၅၄၁) တို့ကို ထပ်မံသိမ်းပိုက်ခဲ့သည်။