Preview

ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် သစ်ပုတ်တောင်လမ်းခွဲမှ နေအိမ် ၆ လုံးကို စစ်တပ်မီးရှို့ဖျက်ဆီးပြီး နေအိမ်ပိုင်ရှင်များကိုဖမ်းဆီးသွား

ဖေဖော်ဝါရီ ၁၈/ ၂၀၂၄ | ကြည့်ရှုသူ :2260
ရခိုင် သတင်း

၇ခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊ ဓည၀တီရေတပ်ဌာနချုပ်သို့သွားရာ သစ်ပုတ်တောင်လမ်းခွဲမှနေအိမ် ၆ လုံးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ပိုင်ရှင်များကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိသည်။

အဆိုပါသစ်ပုတ်တောင်တိုက်နယ်၊သစ်ပုတ်တောင်လမ်းခွဲတွင် နေအိမ် ၆ လုံးသာရှိပြီးယနေ့ ဖေဖော်ဝါရီ  ၁၈  ရက် မနက်အစောကြီး ၄ နာရီအချိန်လောက်တွင် စစ်တပ်က လာရောက်မီးရှို့ကာ နေအိမ်ပိုင်ရှင်များကို ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

"သစ်ပုတ်တောင်လမ်းခွဲမှာရှိတဲ့ အိမ် ၆ လုံးကို မိုးလင်းအရုဏ် က စစ်တပ်က မီးတိုက်ပစ်ခဲ့တယ်။ နေအိမ်ပိုင်ရှင်တွေကိုလည်းဖမ်းဆီးသွားတယ်လို့သိ၇တယ်"ဟု သူကပြောသည်။


နေအိမ်များမီးရှို့ဖျက်ဆီးခံ၇ပြီး ပြာကျပျက်စီးသွားသည့် ဓာတ်ပုံအထောက်အထားများလည်းနိရဥ္စရာသတင်းဌာနက ရရှိထားသည်။

အဆိုပါနေအိမ်များကအိမ်ပိုင်ရှင်များကိုလည်း စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီးဖမ်းဆီးခံ၇သည့် အရေအတွက်ကိုမူ မသိရှိနိုင်သေးကြောင်း ကျောက်ဖြူမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

" နေအိမ်က လူတွေကိုလည်း ဖမ်းသွားတယ်။ ဒါပေမယ့် ဘယ်နှယောက်ပါသွားတယ်ဆိုတာ တိတိကျကျ အတည်မပြုနိုင်သေးဘူး။နှစ်ယောက်သုံးယောက်ပါသွားတယ်လို့လည်း ကြားထားတယ်။ အခုအဲဒီဘက်ကို ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်"ဟု သူကပြောသည်။

သစ်ပုတ်တောင်လမ်းခွဲသည်ဓည၀တီရေတပ်ဌာနချပ်နှင့်၉ မိုင်ခန့်အကွာ၊ ကျောက်ဖြူမြို့နှင့်၁၁ မိုင် ခန့် အကွာတွင်ရှိပြီးအနီးဆုံး ၅ မိုင်ခန့်အကွာတွင် အမှတ် (၃၂) ဒိုးတန်းတောင် ရဲတပ်ရင်းရှိကြောင်း သိ၇သည်။


" သစ်ပုတ်တောင် လမ်းခွဲနဲ့ အနီးဆုံးဆိုရင် ဒိုးတန်းတောင် ရဲတပ်ရင်းရှိတယ်။ ဒိုးတန်းတောင်ရဲတပ်ရင်းက လာမယ်ဆိုရင်၅ မိုင်လောက်ပဲဝေးတယ်။ ဒိုးတန်းတောင် ရဲတပ်ရင်းနဲ့ သစ်ပုတ်တောင်လမ်းခွဲ ကြားမှာ အနီးစပ်ဆုံးနှမ်းဖဲတောင်အေက်မှာ နယ်စပ်ရေးရာ စက်မှုလက်မှုသင်တန်းကျောင်း ရှိတယ်။ အဲဒီမှာ စစ်တပ်က အင်အားသုံးဆယ်လောက် တပ်ချထားတယ်။ ဒိုးတန်းတောင် ရဲတပ်ရင်းနဲ့ စစ်ကြောင်းနဲ့ ပေါင်းပြီး အဲဒီလမ်းကလာပြီး မီးရှို့သွားတာဖြစ်နိုင်ချေများတယ်။ တော်ရုံသာမန် လမ်းကြောင်းတွေကဆို သူတို့တွေမလာရဲကြတော့ဘူး။"ဟု ပြောသည်။

ယမန်နေ့ဖေဖော်ရီလ၁၇ ရက် မွန်းလွဲ ၁၂ ကျောက်ဖြူမြို့ပေါ်တပ်ရင်းများနှင့် မြို့နယ်ရှိ စစ်ကောင်စီ မိသားစုဝင်များကိုဓည၀တီရေတပ်ဌာနချုပ်မှ AP-01 စစ်သည်တင်သင်္ဘောဖြင့် အပြည့်တင်ဆောင်ကာ သံတွဲဘက်သို့ရွှေ့ပြောင်းသွားခဲ့သည်။

ယင်းနေ့ မွန်းလွဲပိုင်းကစတင်ပြီး သစ်ပုတ်တောင်လမ်းခွဲအနီးတဝိုက်နေရာများသို့ခမ၇(၅၄၂)၊ ဒိုးတန်းတောင် ရဲတပ်ရင်း၊တောင်ရှည်တောင်စစ်စခန်းတို့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး အလုံးနှစ်ဆယ်ကျော် အထိ ပစ်ခတ်မှုရှိခဲ့ကြောင်းလည်းသိ၇သည်။(NN-23)

 

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.