Preview

ကျောက်တလုံးဒုက္ခသည်စခန်းတွင် စစ်မှုထမ်းရန် အမျိုးသားဦးရေစာရင်းကောက်

ဖေဖော်ဝါရီ ၁၈/ ၂၀၂၄ | ကြည့်ရှုသူ :2094
ရခိုင် သတင်း

(၎င်းစခန်းမှ လူ ၁၅၀ စစ်မှုထမ်းရန် ဖိအားပေးခံနေ၇)

ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး IDP မွတ်ဒုက္ခသည်စခန်းမှ အမျိုးသားများစာရင်းကို ယမန်နေ့က ကောက်ယူသွားပြီး လူပေါင်း ၁၅၀ စစ်မှုထမ်းရန် ဖိအားပေးခံနေရကြောင်း သတင်းရရှိသည်။

ယမန်နေ့ဖေဖော်ဝါရီလ၁၇ ရက်က၊ ကျောက်တလုံးဒုက္ခသည်စခန်းအုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်များက စခန်းရှိ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ ဒုက္ခသည်အမျိုးသားစာရင်းကို စာရင်း ကောက်ယူသွားပြီး စစ်မှုထမ်း၇မည်ဟုလည်း ပြောဆိုခဲ့ကြောင်း ဒုက္ခသည် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

" မနေ့ကစခန်းအုပ်ချုပ်ရေးကော်မတီက ဦးမော်နီအပါအဝင်သုံးဦးကနေပြီးတော့  စစ်မှုထမ်းဖို့အတွက် ဆိုပြီး စာရင်းကောက်ယူသွားပါတယ်။ မှတ်ပုံတင်တွေ အသက်တွေ စစ်ဆေးပြီးတော့ကောက်ယူသွားတာ"ဟု သူကပြောသည်။

အကြမ်းဖက်စစ်ကောင်စီကျင့်သုံးတော့မည့်စစ်မှုထမ်းဥပဒေတွင်အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိအကျုံးဝင်သော်လည်းဒုက္ခသည်စခန်းတွင်မူ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ စာရင်းကောက်ယူသွားကြောင်းသူကဆက်ပြောသည်။

" အသက် ၁၈ နှစ်ကနေ ၅၅နှစ်အထိစာရင်းကောက်သွားတာဗျ။ ၃၅နှစ်အထိမဟုတ်ဘူး" ဟု အဆိုပါမွတ်ဆလင်ဒုက္ခသည်လူငယ်ကပြောသည်။

ယမန်နေ့ကဒုက္ခသည်အမျိုးသားများကိုသာစာရင်းကောက်ယူသွားပြီး အမျိုးသမီးများ မပါဝင်ကြောင်း သိ၇သည်။

ကျောက်တလုံးဒုက္ခသည်စခန်းကိုစစ်တပ်ဘက်က စစ်မှုထမ်းရန် လူ ၁၅၀ ကို ရသတ္တတစ်ပတ် အတွင်းပေးရန် ဖိအားပေးထားပြီးမပေးလျှင်အားလုံးကိုဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထားသည်ဟုဒုက္ခသည်များထံမှသတင်းထွက်နေကြောင်းလည်း ကျောက်ဖြူမြို့မှ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ လူငယ်တစ်ဦးကပြောသည်။

" ကျွန်တော်တို့ ဒုက္ခသည်တွေဆီက ကြားထားရတာရှိပါတယ်။ စခန်းကနေပြီးတော့လူ ၁၅၀ ကို တစ်ပတ်အတွင်း စစ်မှုထမ်းဖို့ပေးရမယ်။ မပေးရင် အားလုံးကိုဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက် ထားတယ်လို့ ပြောကြတယ်"ဟု သူက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ကျောက်တလုံးဒုက္ခသည်စခန်းအုပ်ချုပ်ရေးမှူး ဦးမော်နီကိုနိရဥ္စရာက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်းအဆက်သွယ်မရရှိခဲ့ပေ။

ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁,၀၀၀ ကျော်ရှိပြီး အဆိုပါဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ်ပဋိပက္ခဖြစ်စဉ်ကြောင့် ကျောက်ဖြူမြို့၊အရာရှိရပ်ကွက်၊ ပိုက်ဆိပ်ရက်ကွက်၊ သမ္ဗာန်ချောင်း ရပ်ကွက် တိုးချဲ့ရပ်ကွက်စသည့် မြို့ပေါ်ရပ်ကွက်များမှ ပြောင်းရွှေလာခဲ့၇သူများ ဖြစ်သည်။

ဖေဖော်ဝါရီလ၁၀ ရက်က အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြည်သူများ၏သဘောဆန္ဒမပါဘဲ အာဏာရှင်ပီပီအသက်သွင်းပြီးစတင်ကျင့်သုံးလာခြင်းဖြစ်သည်။(NN-23)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.