Preview

ရန်ကုန်မှ ကျောက်ဖြူသို့ လိုက်ပါလာသည့်လေယာဉ်စီးခရီးသည် ၆၀ ကျော်အား လေယာဉ်မှ အဆင်းတွင် စစ်ကောင်စီတပ်က ခေါ်ယူသွား

ဖေဖော်ဝါရီ ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :27590
ရခိုင် သတင်း

ရန်ကုန်မှကျောက်ဖြူမြို့လေယာဉ်ကွင်းသို့ ဆင်းသက်လာသည့်လေယာဉ်ပေါ်တွင်ပါလာသည့် ခရီးသည် ၆၇ ဦးအား စစ်ကောင်စီတပ်နှင့် ထွေအုပ်တို့က ကားနဲ့တင်ခေါ်ယူသွားပြီးစစ်ဆေးနေသည်ဟု  သတင်းရရှိသည်။

ယမန်နေ့ဖေဖော်ဝါရီလ၁၈ ရက်၊ ညနေ ၅ နာရီတွင် မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ကျောက်ဖြူလေယာဉ်ကွင်းသို့ဆင်းသက်ပြီးနောက်လေယာဉ်ပေါ်ပါလာသည့် ခရီးသည် ၆၇ ဦးတို့အား စစ်တပ်နှင့်ထွေအုပ်တို့က Dyna (ဒိုင်နာ)ကားတစ်စီးအပါအဝင် ကားများြင့်မြို့တော်ခန်းမသို့ခေါ်ယူသွားကြောင်း မျက်မြင် ကျောက်ဖြူမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

" အခုညနေ၅ နာရီလောက်မှာ မြန်မာ့လေကြောင်းလိုင်းကလေယာဉ်တစ်စီး ကျောက်ဖြူ လေယာဉ်ကွင်းကို ဆင်းတယ်။ လေယာဉ်နံပါတ်တွေတော့ကျနော်တို့လည်းမသိရဘူး။အဲဒီလေယာဉ်မှာ အရွယ်ကောင်းယောကျာ်းလေးတွေပါတယ်။ အားလုံးခရီးသည် ၆၇ ယောက်လောက်ပါတယ်လို့ သိ၇တယ်ဗျ။ သူတို့ကိုလေယာဉ်ပေါ်က ဆင်းဆင်းချင်း စစ်တပ်နဲ့ထွေအုပ်က ဒိုင်နာကားတစ်စီးနဲ့တင်ပြီး အကုန်ခေါ်ယူသွားတယ်။ မြို့တော်ခန်းမကိုခေါ်ယူသွားတာ" ဟုပြောသည်။

စစ်တပ်ခေါ်ယူသွားသည့်အထဲအသက် ၂၀ အရွယ်ဝန်းကျင်အမျိုးသားနှင့် အမျိုးသမီးငယ်အများစု ပါဝင်ပြီး ခရီးသည်စုစုပေါင်း၆၇ ဦးရှိကြောင်း မြို့ခံတစ်ဦးကပြောသည်။


အဆိုပါလေယာဉ်စီးခရီးသည်များအားကျောက်ဖြူမြို့၊ အစိုးရပ်ကွက်ရှိရမ္မာ၀တီမြို့တော်ခန်းမသို့ ခေါ်ဆောင်သွားပြီး စစ်တပ်နှင့်ထွေအုပ်ကစစ်ဆေးနေကြောင်းသတင်းထွက်ပေါ်နေသော်လည်းမည်သည့် ကိစ္စအတွက်စစ်ဆေးနေသည်ကိုမသိရှိနိုင်သေးကြောင်း သူကပြောသည်။

" သူတို့ကိုမြို့တော်ခန်းမကိုခေါ်သွားပြီး စစ်တပ်နဲ့ထွေအုပ်ကစစ်ဆေးနေတယ်လို့ပဲ သိထား၇သေးတယ်။ ဘာတွေစစ်ဆေးနေတယ်။ ဘာအတွက်စစ်ဆေးနေတယ်ဆိုတာမသိနိုင်ဘူး။ ကျွန်တော်တို့စိုးရိမ်တာကအဲဒီခေါ်သွားတဲ့အထဲမှာ အရွယ်ကောင်းလေးတွေ၊ လူငယ်လေးတွေချည်းပဲ။ စစ်မှုထမ်းဥပဒေနဲ့ အကြောင်းပြပြီးဖမ်းဆီးသွားမှာစိုး၇တယ်"ဟုနိရဉ္စရာသတင်းဌာနသို့ ပြောသည်။

စစ်တပ်ကခေါ်ယူသွားသည့်ခရီးသည်များမှာ ယခုညနေပိုင်း အချိန်ထိပြန်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း သိ၇သည်။

ဖေဖော်ဝါရီလ၁၀ ရက်က အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေ၇ဥပဒေ အသက် သွင်းလိုက်ပြီးနောက် ရန်ကုန်တွင်နေထိုင်သည့်ရခိုင်နေအိမ်များကိုဧည့်စာရင်း စစ်ဆေးမှုများပြုလုပ်ပြီး၇ခိုင်လူငယ်များကို  ဖမ်းဆီးမှုများရှိနေကြောင်းသိ၇သည်။

ထိုသို့အဖမ်းဆီးသတင်းများကြောင့်ရန်ကုန်တွင်နေထိုင်အလုပ်လုပ်ကိုင်နေသည့် ၇ခိုင်လူငယ်များမှာ စစ်တပ်၏ အတင်းအဓမ္မ ဖမ်းဆီးခြင်းမခံရရေး ရခိုင်ပြည်သို့အမြန်ပြန်လာနိုင်ရန်ကြိုးစားလျက် ရှိကြောင်းလည်း သိ၇သည်။(NN-23)

ပုံစာ-  ကျောက်ဖြူလေဆိပ်မှ ခရီးသည်များကို ကားနှင့် ခေါ်ယူသွားသည်ကိုတွေ့၇စဉ်

 

#ရန်ကုန်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.