Preview

စစ်တွေတွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးတင်းကျပ်

ဖေဖော်ဝါရီ ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :4398
ရခိုင် သတင်း

စစ်တွေမြို့ကိုးရီယားဆိပ်ကမ်း တံတားအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိ၇သည်။

ယမန်နေ့ဖေဖော်ဝါရီလ ၁၈ ရက်နေ့လယ်၁၂ နာရီကျော် အချိန်ခန့်တွင် စစ်တွေ၊ ကိုးရီးယားဆိပ်ကမ်း တံတားအနီးမြစ်နားဘက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

“ကိုးရီးယား ဆိပ်ကမ်း မြို့လယ်ချောင်း၀ကို ဖြတ်ပြီး တံတားအသစ်တစ်ခုလုပ်ထားတယ်လေ။ဒေသအခေါ် ကုလားချောင်းကို ဖြတ်ပြီးထိုးတာ။ အဲဒီတံတားနားမှာ ပေါက်ကွဲတာ။ မိဇံဘက်ခြမ်း ကျမယ်”ဟုပြောသည်။


အဆိုပါဗုံးပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ကိုးရီးယားဆိပ်ကမ်းတွင် စစ်တပ်နှင့် ရဲအင်အား အများအပြားချထားလိုက်ပြီး ဆိပ်ကမ်းထဲကိုမည်သူတစ်ဦးတစ်ယောက်ကို ဝင်ခွင့်မပြုတော့ဟုမြို့ခံများက ပြောကြသည်။

“မနေ့က ကိုးရီးယားဆိပ်ကမ်းမှာဈေးရောင်းနေကြတဲ့ ဈေးသည်တွေ အကုန်လုံး ထွက်ပြေး လာကြရတယ်။ဗုံးပေါက်ကွဲလို့ ထွက်ပြေးလာတဲ့ဈေးသည်တွေရဲ့  ပစ္စည်းတွေကို မြို့ထဲက  ဝင်္ကဘာကွင်းနားမှာတောင်ပုံလို့မြင်လိုက်တယ်။ဘယ်က ဖောက်ခွဲတာလဲတော့ မသိဘူး” ဟုပြောသည်။

ရခိုင်ပြည်အနှံ့ ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စစ်တွေတွင်လည်းမတည်ငြိမ်မှုနှင့် ဂယက်ရိုက်ခတ်မှုဖြစ်ပေါ်နေပြီး မြို့ပေါ်ကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်မှုများလည်းရှိနေသည်ဟု သိ၇သည်။

ယမန်နေ့ကလည်း ည ရနာရီအချိန်မှ ၉ နာရီခန့်အထိ စစ်တွေတွင် စစ်ကောင်စီ တပ်ရင်းများမှလက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်းလည်း သိ၇သည်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.