ရက္ခိုင့်တပ်တော်( AA) သည်ယနေ့နံနက် ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းတွင် တည်ရှိသည့် ”ပဲရွန်းတောင်စခန်း”ကိုသိမ်းပိုက်ခဲ့သလို ကချင်ပြည်တွင်လည်း တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ မံစီမြို့နယ်ရှိ“စီခမ်းကြီးစခန်း”သိမ်းပိုက်ခဲ့သည်။
ယနေ့ ရက္ခိုင့်တပ်တော်(သတင်းနှင့်ပြန်ကြားရေး)၏ ထုတ်ပြန်ချက်တွင် ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ“စီခမ်းကြီးစခန်း”အား ဖေဖော်ဝါရီလ (၁၉)ရက်၊ ညနေ (၅) နာရီ (၄၅)မိနစ်တွင် သိမ်းပိုက် ရရှိခဲ့ပြီး မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်)ရှိ စစ်ကောင်စီစခန်းအား ညနေ (၄) နာရီ (၃၀) မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟုဖော်ပြသည်။
ထုတ်ပြန်ချက်အထဲတွင် “၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ (၁၉) ရက် မဟာမိတ် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့်ရက္ခိုင့်တပ်တော်တို့အပါအဝင် အခြားသော ဒေသခံ မိတ်ဖက်တော်လှန်ရေး အဖွဲ့တို့ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ “စီခမ်းကြီးစခန်း” အား ဖေဖော်ဝါရီလ (၁၉) ရက်၊ ညနေ (၅) နာရီ(၄၅) မိနစ်တွင်သိမ်းပိုက် ရရှိခဲ့သည်”ဟု ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ စီခမ်းကြီးစခန်းအားဖေဖော်ဝါရီလ (၁ရ) ရက်၊ နံနက် (၅) နာရီခန့်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသုံးရက်ခန့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ထုတ်ပြန်ချက်ကို ဆက်လက်ဖော်ပြရာတွင် “ရက္ခိုင့်တပ်တော်မှယနေ့ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၉) ရက်နေ့၊ နံနက် (ရ) နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၉) နာရီအကြာထိုးစစ်အပြီး ညနေ(၄) နာရီ (၃၀) မိနစ်တွင် ၎င်းစခန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်၇ယူနိုင်ခဲ့သည်”ဟု ဖော်ပြထားသည်။
ဤတိုက်ပွဲအတွင်းစစ်ကောင်စီသည်လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့်(၃) ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ အလောင်း(၁၀) ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ကြောင်း၊ လက်နက်ချအညံ့မခံဘဲထွက်ပြေးနေသောရန်သူများကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း ဖော်ပြထားသည်။
စစ်တွေ၊ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌အကြမ်းဖက် စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရပြီးစစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ် တိုက်ခိုက်မှုများကိုသာပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့်အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ကျေးရွာ နှင့် မြို့အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍မီးလောင်ခြင်း၊ ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း ထို့အတူ အိမ်မွေးတိရ စ္ဆာန်များနှင့်ကျွဲ၊ နွား တို့မှာ သေဆုံးမှုများ ရှိခဲ့သည်။ လက်နက်ချအညံ့ခံရန်ပြောထားသော်လည်းယခုထက်ထိ အညံ့မခံသော စစ်ကောင်စီ၏ စခန်းတိုင်းကိုရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပုံစာ- မောင်တောမြို့နယ်၊ပဲရွန်းတောင်(ပဲရမ်းတောင်) မှ သိမ်းဆည်း၇မိသောလက်နက်ခဲယမ်းများ