Preview

စစ်ကောင်စီတပ်သားများ ပုဏ္ဏားကျွန်းမြို့ကို ဝင်ရောက် မီးရှို့

ဖေဖော်ဝါရီ ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :2874
ရခိုင် သတင်း

စစ်ကောင်စီ၏တပ်သားများက ပုဏ္ဏားကျွန်းမြို့ထဲသို့ ဝင်ရောက်၍ အကြောင်းမဲ့မီးရှို့သဖြင့် ယနေ့ နေ့လယ်က နေအိမ်များမီးလောင်နေကြောင်း သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက  "ရွှေတောင်ကြားလမ်းနဲ့စံပြရပ်ကွက်ကိုခွဲထားတဲ့ အထက်နားမှာကင်းတောင်ရှိတယ်။အဲ့ဒီကင်းတောင်က စစ်သားတွေက မီးဝင်ရှို့တာ။ ဓာတ်ဆီတွေလောင်းပြီး။ ရှို့ပြီး ပြန်သွားတာ။မီးလောင်ဖို့ခက်တဲ့အိမ်အကြီးတွေကို ဓာတ်ဆီအများကြီး လောင်းပြီး အိမ်အငယ် တွေကိုတော့ မီးအစပျိုးခခဲ့တယ်ပြောတယ်။အလယ်စုရပ်ကွက်တစ်ခုလုံးပြာကျလုနီးပါးဖြစ်သွားပြီ။ မီးကတော့ အခု နေ့လယ် တစ်နာရီထိလောင်တုန်းလို့သိရတယ်။ တစ်မြို့လုံး နီးပါးလောင်နေတာ " ဟု နိရဉ္စရာကိုပြောသည်။

ယနေ့ ဖော်ဖော်ဝါရီ ၂၀ရက် နံနက် ၁၁နာရီခန့်က ကင်းတောင်ပေါ်တွင်တပ်စွဲထားသည့်စစ်ကောင်စီ တပ်သားများသည် မြို့ထဲကိုဝင်ရောက်၍ မီးရှို့ခဲ့ သည့်အတွက် အလယ်စုရပ်ကွက်မှ စတင်၍ မီးလောင်ကျွမ်းနေသည်ဟု တခြားသတင်းရင်းမြစ်များကလည်း ပြောကြားသည်။

ကင်းတောင်ကုန်းပေါ်ကစစ်ကောင်စီတပ်မှ မီးရှို့ပြန်သွားပြီးနောက်အပြန်အလှန် ပစ်ခတ်သံများကို ကြားနေရသည်ဟုမြို့ခံတစ်ဦးကပြောသည်။

" အပြန်အလှန်ပစ်ခတ်သံတော့ကြားတယ်။ဒါပေမယ့်တိုက်ပွဲလား ဘာဖြစ်တာလဲသေချာမသိရပါဘူး" ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့ရှိ ခမ၇  ၅၅၀တပ်ရင်းတွင် ဒေသခံတပ်သားများနှင့် တပ်မ (၂၂)မှ တပ်သားများအကြား လက်နက်ချရန်အုပ်စုနှင့် လက်နက်မချသည့်အုပ်စုနှစ်ခုကွဲနေပြီး ခမ၇ ၅၅၀မှလက်နက်ချထားသူ တချို့လည်း ရှိနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၂၄ ရက်နေ့ကလည်းစစ်ကောင်စီ၏ နေဗီနှင့် ခမ၇ ၅၅၀တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ဈေးထဲကျရောက်ပေါက်ကွဲ၍  ပုဏ္ဏားကျွန်းမြို့မ ဈေးတစ်ခုလုံး မီးလောင်ပြာကျခဲ့ရကြောင်းသိ၇သည်။(NN-11) 

#စစ်ကောင်စီတပ်သားများ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.