တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်သို့ပြန်မည့် ခရီးသည်များ ဖမ်းဆီးခံရမှုနှင့် လူလိမ်ခံရမှုများကြောင့် ငွေကြေးဆုံးရှုံးမှုများနေ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

ရန်ကုန်မှရခိုင်သို့ပြန်လာမည့်ခရီးသည်များအနေဖြင့်  စစ်ကောင်စီဖမ်းဆီးမှုနှင့်လူလိမ် ခံရမှုများကြောင့် ငွေကြေးဆုံးရှုံးမှုများနေကြကြောင်းသိရသည်။

ရခိုင်တွင် စစ်ရေးပြင်းထန်နေသည့်အတွက် စစ်တွေအပါအဝင်တခြားမြို့နယ်များမှ ရခိုင်ဒေသခံတချို့ ရန်ကုန်သို့ တိမ်းရှောင်ခဲ့ကြသည်။

လက်ရှိမှာ ဖေဖော်ဝါရီလ ၁၀ ရက်က ထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေနှင့် ရန်ကုန် ွင်ပေါ်တာဆွဲမှုများ၊ လူမျိုးရေးအမုန်းတရား လှုံ့ဆော်မှုများကြောင့် စိုးရိမ်ကာ ရခိုင်သို့ ပြန်ဝင်ကြစဥ် လေယာဥ် လက်မှတ်များ အလိမ်ခံရမှု အများအပြားကြုံတွေ့နေကြရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

"ကျနော်အရင်က စစ်တွေက Star wave မှာ လက်မှတ်ဖြတ်ဖြစ်တယ်။ အခုက သူတို့လည်း ပြန်တဲ့လူ အရမ်းများလို့ထင်တယ်။ ဖုန်းတောင်မကိုင်ကြတော့ဘူး။ အဲ့ဒီလိုနဲ့ Online ကအဆင်ပြေတဲ့ Page တစ်ခုကနေ ကျနော်နဲ့ ကျနော် မိတ်ဆွေ ယောက်အတွက်ရော ဖြတ်တာ။ တစ်စောင်ကို သိန်းပါ။ သိန်း အလိမ်ခံလိုက်ရတယ်။ အတည်ပေါက်နဲ့ ငွေလွှဲပြီးရင် လက်မှတ်တွေကိုလည်း ပို့ပေးတာပါ။ လေဆိပ်ရောက်မှ အတုမှန်းသိရတယ်။  တခြား အလိမ်ခံလိုက်ရတာတွေရှိပါသေးတယ်။ ဆက်နေလို့လည်းမရ၊ ပြန်လို့လည်းမရ ငွေတွေလည်း အလိမ်ခံရနဲ့ ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး" ဟု ပြောသည်။

ယခင်က ရခိုင်မှ ရန်ကုန်သို့ သွားသည့် လေယာဥ်လက်မှတ်များသာ စျေးကြီးပြီး အဝယ်ရ ကျပ်သော်လည်း ယခုရက်ပိုင်းတွင် ရခိုင်သို့ပြန်မည့်သူ ပြန်လည်များပြားလာသည့်အတွက် လေယာဥ် လက်မှတ်စျေးနှုန်း သိန်းအထိ မြင့်တက်ခဲ့ပြီး ဝယ်ယူ၍မရသည့်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။

လေယာဥ် နှင့် ကားလက်မှတ်များ စျေးကြီးပေးကာဝယ်ထားရသော်လည်း ရန်ကုန်မှပြန်လာသည့် ခရီးသည်များအား ကျောက်ဖြူ၊ စစ်တွေ၊ အမ်းတို့တွင် ဖမ်းဆီးနေသည့်အတွက် လက်မှတ်အဆုံးခံကာ မပြန်နိုင်တော့ဘဲ ရန်ကုန်တွင် အခက်အခဲကြုံနေရကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

"စစ်တွေက လာတုန်းက လေယာဥ်လက်မှတ်ကို သိန်းနဲ့ပေးဝယ်ပြီး မိသားစုလိုက် ပြေးလာခဲ့ကြရတာ။ အခု ရန်ကုန်မှာ လုံးဝအဆင်မပြေတော့လို့ ပြန်မယ်ဆိုတော့ လက်မှတ်တွေ ဝယ်မရ၊ စျေးတွေကပြန်တက်ဖြစ်ကုန်တယ်။ အခု စျေးကြီးပေးဝယ်ထားရတဲ့ လက်မှတ်တွေကလည်း ပြန်တဲ့လူတွေကို စစ်တပ်က အကုန်ဖမ်းထားလို့ အဆုံးခံလိုက်ရပြီ။ တကယ်ကို ကျနော်တို့အတွက် ဆုံးရှုံးပြီးရင်း ဆုံးရှုံးနေရတာပါပဲ"ဟု စစ်တွေမှ ရန်ကုန်သို့ တိမ်းရှောင်နေသူတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေးမြို့များနှင့်  စစ်ကောင်စီလော်ဘီချန်နယ်များ၊ လူမှုကွန်ယက် စာမျက်နှာများတွင် သတင်းအမှားများဖြန့်ဝေခြင်း၊ လူမျိုးရေး အမုန်းပွားစေသည့်စာများကပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

ယင်းအပြင် ရန်ကုန်တွင် ရခိုင်အပါအဝင် လူငယ်များပေါ်တာဆွဲခံနေရသည့်အတွက် ရခိုင်ပြည်ကို ပြန်သွားကြစဥ် ကျောက်ဖြူ နှင့် စစ်တွေ လေဆိပ်တွင်ခရီးသည် ရာနှင့်ချီ ဖမ်းဆီးထားသလို ကားဖြင့်ပြန်သည့် ရခိုင်ခရီးသည်များအားလည်း အမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထားသည်။

ယခုကိစ္စများနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန်အပါအဝင် အခြားသောမြို့များသို့ တိမ်းရှောင်နေကြသူများ က္ခိုင့်တပ်တော် ထိန်းချုပ်ရာ နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ရှုံးစစ်ကောင်စီသည် အရပ်သား ပြည်သူလူထု များကို သူရဲဘောကြောင်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက် ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အချုပ်သားများ၊ အကျဉ်းသားများကို လူသတ်အလောင်း ဖျောက်ခြင်း အစရှိသော စစ်ရာဇဝတ်မှုများကို ရှောင်ရှားရပ်တန့်ပြီး စစ်သားပီသစွာဖြင့်စစ်မြေပြင်တွင် တိုက်ခိုက်ရန်လည်း အေအေက တိုက်တွန်း စိန်ခေါ်ထားသည်။ (NN-7)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!