၇ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်လူငယ်၁၀၀ ကျော်ကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ ပုစွန်ချောင်းကျေးရွာမှ ၁၃ ဦး၊ တပ်မချောင်းကျေးရွာမှ ၅၅ ဦး၊ ငကျိုင်တောက်ကျေးရွာမှ ၃၃ ဦး၊ ကျောက်ဖြူတောင်ကျေးရွာမှ လူငယ် အနည်းဆုံး ၁၀ ဦး ခန့် ဖြစ်သည်။
၄င်းတို့ကို ဖေဖော်ဝါရီလ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် ကျေးရွာများကို ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်
အမည်မဖော်လိုသူ မွတ်ဆလင်ရွာလူကြီးတစ်ဦးက " ရွာကိုဝင်လာပြီး အတင်းအဓမ္မဖမ်းသွားတာပါ။ ဖမ်းသွားတာ အများစု လူငယ်တွေပဲ။ အခုဖမ်းသွားတဲ့လူတွေကိုတပ်ရင်း ၅၃၅ နဲ့ ၃၅၃ ကို ခေါ်ယူသွားပါတယ်။ ထပ်ပြီးတော့လည်း ဖမ်းအုံးမယ်လို့ ပြောသွားတော့လူတိုင်း စိုးရိမ်နေရတယ်" ဟု နိရဉ္စရာသတင်းဌာနကိုပြောသည်။
ယခုဝင်ရောက်ဖမ်းဆီးသွားသည့်ကျေး
"စစ်ကောင်စီတပ်ရဲ့ အကြောင်းကို ကျနော်တို့ ကောင်းကောင်း သိတယ်။ သူတို့ဆီ အဖမ်းခံ၇မယ့်အစား ကျနော်တို့ အေအေဆီမှာပဲ လက်နက်ကိုင်မယ်"ဟု ပြောသည်။
ယခုကဲ့သို့ လူငယ်များအား သူတို့ စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး စစ်တပ်ထဲသွင်းခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး အသက်အန္တရာယ်လည်း ကျရောက်နိုင်သဖြင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့်အကျိုးဆက်ကို စစ်ကောင်စီ တာဝန်ယူ၇မည်ဟု ၎င်းက ပြောဆိုသည်။
ဖေဖော်ဝါရီ ၉ ရက်နေ့က မောင်တော
ယင်းသို့ ပြောကြားမှုများအား လက်မခံသည့်အတွက် ယခုကဲ့သို့ မွတ်ဆလင်လူငယ်များအား အတင်းအဓမ္မစစ်မှုထမ်းရန် ဆွဲခေါ်ခြင်းဖြစ်နို
ယင်းအပြင် စစ်ကောင်စီသည် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး မွတ်ဆလင်ကယ်ဆယ်ရေး စခန်းမှလည်း အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ အမျိုးသားဦးရေစာရင်းကို ကောက်ယူသွားပြီး လူပေါင်း၁၅၀ အား စစ်မှုထမ်းရန်ဖိအားပေးထားကြောင်
(NN-7)
(ဓာတ်ပုံ- ပုံဟောင်း)