ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရန်ကုန်အောင်မင်္ဂလာ အဝေးပြေးကားဂိတ်တွင် ရခိုင်လူမျိုးအနည်းဆုံ ၇ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 5.9k

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်တွင် အသက် ၂၀ အရွယ်အမျိုးသမီးငယ်နှစ်ဦး အပါအဝင်  ရခိုင်လူမျိုး ၇ ဦး ယခုလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သူတို့နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသတင်းဌာကို ပြောဆိုသည်။

သူတို့အားလုံးမှာ မြေပုံမြို့နယ်မှ ဖြစ်ကြပြီး ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၇ နာရီခန့်က အသက်  ၄၅ နှစ် အရွယ် အမျိုးသား ၃ ဦးနှင့် ဖေဖော်ဝါရီ ၂၀ ရက် ည  ၈ နာရီကျော်တွင် အမျိုးသမီးငယ် ၂ ဦး အပါအဝင် ၄ ဦးဖြစ်ကြောင်း သိရသည်။

ည ၈ နာရီကျော်က ရန်ကုန် အောင်မင်္ဂလာကားဂိတ်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူမှာ ဦး××× အသက် (၃၈) နှစ်၊ ကို×××သက်( ၂၃) နှစ်၊ မ×××× အသက်( ၂၂) နှစ်နှင့် မ××× အသက် (၂၂)  နှစ်တို့ဖြစ်ကြသည်။

သူတို့နှင့် နီးစပ်သူ တစ်ဦးက ဒီလ ၂၀ ရက် ည ၈ နာရီကျော်မှာ သူတို့နဲ့ အဆက်အသွယ်ရပါတယ်။ ည ၉ နာရီကျော်မှာ အဆက်အသွယ်မရတော့ပါဘူး။  အဆက်အသွယ် ပြတ်သွားပါတယ်။ ဒါနဲ့ သူတို့ ပေးထားတဲ့ကားဒရိုင်ဘာရဲ့ ဖုန်းနံပတ်နဲ့ ဆက်သွယ်တော့ စစ်တပ်က ဖမ်းသွားတယ်လို့ ပြောပါတယ်။ ကားဒရိုင်ဘာနဲ့ အဆက်အသွယ်ရတာက ည ၁၂ နာရီကျော်မှ ရတာပါ။ သူတို့ ၄ ဦးကို စစ်တပ်က ဖမ်းသွားပြီးနောက် ကားထွက်လာတယ်လို့ ပြောပါတယ်ဟု ပြောသည်။

လက်ရှိ ၇ ယောက်စလုံးမှာ ယနေ့ အချိန်ထိ အဆက်အသွယ်ပြတ်နေ​ကြောင်း သိရသည်။

သူတို့က ရခိုင်ကို ပြန်မယ်ဆိုပြီးသွားကြတာပါ။ ရခိုင်ကို တိုက်ရိုက်ကားမရပေမယ့် တစ်ဆင့်ချင်း သွားကြတာပါ။ ၁၁ မျဉ်းစောင်းစစ်ဆေးစရာရှိလို့ ဆိုပြီး ဖမ်းသွားတယ်လို့ ကားကလူတွေက ပြောပါတယ်။ အခုဆိုရင် ၃ ရက်ရှိပါပြီ အဆက်အသွယ်မရတာ။ မိသားစုတွေ အကုန်လုံး စိုးရိမ်နေကြပါတယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မိသားစုများဆန္ဒအရ နာမည်များကို မဖော်ပြလိုက်သည့် အပေါ်  သတင်းဖတ်သူများ နားလည်ပေးကြစေလိုပါသည်။

ဆက်စပ် သတင်းများ