Preview

ရမ်းဗြဲတွင် စစ်ကူလာသည့်နေဗီနှင့် ရက္ခိုင့်တပ်တော်အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်

ဖေဖော်ဝါရီ ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :5129
ရခိုင် သတင်း

(အေအေပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ နေဗီလှည့်ပြန်သွား၇)

ရခိုင်ပြည်၊ရမ်းဗြဲမြို့ကို စစ်ကူလာသည့် စစ်ကောင်စီ၏ ဇက်နေဗီအား ရက္ခိုင့်တပ်တော်(AA)က ပစ်ခတ် တိုက်ခိုက်၍ နေဗီအားထိမှန်၍ မီးခိုးလုံများထွက်ကာလှည့်ပြန်သွားရကြောင်းသတင်းရရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီ၂၁ ရက် ည ၉ နာရီခန့်တွင် ကလိန်တောင်မြစ်ကြောင်း၊ ပြင်ချောင်းကြီးရွာအနီးမှာစစ်ကူလာသည့် ဇက်နေဗီ နှင့် အေအေတို့ အပြန်အလှည် ပစ်ခတ်မှုများဖြစ်ပွါးခဲ့ကြောင်း သိ၇သည်။

ရမ်းဗြဲမြို့ခံတစ်ဦးက" လက်နက်ကြီး ၊လက်နက်ငယ် ပေါက်သံတော့ တအားကြား၇တယ်။ နေဗီနဲ့ အပြန်အလှန်ပစ်ကြတာပါ။တန်းချောင်း၀ကမ်းကို စစ်ကူတင်ဖို့လာတဲ့ နေဗီနဲ့ အေအေနဲ့ထိတွေ့တိုက်ပွဲ ဖြစ်ကြတာလို့ သိ၇ပါတယ်"ဟု ပြောသည်။

တိုက်ပွဲ ဖြစ်ပွါးနေစဥ်အတွင်းစစ်ကောင်စီက Y-12 စစ်လေယာဥ်များဖြင့်လေကြောင်း ပစ်ကူကာရမ်းဗြဲမြို့ထဲကိုလည်း ဗုံးအကြိမ်ကြိမ်ကြဲကာ မြို့အား အစွမ်းကုန်ဖျက်ဆီးရန် ကြိုးပမ်း လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ တဆင့်သိ၇သည်။

"မြို့ထဲကY-12 နှစ်စီးလို့တောင်ယူဆရတယ်။ အသံကနှစ်ခုကြားရတယ်။ မြို့ထဲကို တစ်ခါချရင် လေး၊ငါး၊ခြောက်လုံး၊ ခုနှစ်လုံးချပြီးအကြိမ်ကြိမ်ကြဲချတာ"ဟု ပြောသည်။

တိုက်ပွဲတစ်နာရီခန့် အပြင်းအထန်ဖြစ်ပွါးခဲ့ပြီးနောက် အေအေပစ်ခတ် လက်နက်ကြီးကျည်များ ထိမှန်ကာ ည ဆယ်နာရီခွဲခန့်တွင်ဇက်နေဗီမှာ မီးခိုးများထွက်ပြီး လှည့်ပြန်သွားသည်ဟု အေအေနှင့် နီးစပ်သူတစ်ဦးကပြောသည်။

"ဇက်နေဗီကတော့မီးခိုးတွေထွက်ပြီး လှည့်ပြန်သွားတယ်။  စစ်ကူတွေနဲ့ကမ်းမကပ်နိုင်ဘဲ လှည့်ပြန်သွားတယ်။ လေယာဥ်တွေကတော့ည ၁၁ နာရီခွဲအထိ တစ်စီးပြီးတစ်စီး ဗုံးလာကြဲပါတယ်"ဟု ပြောသည်။

ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်ကအထိနာနေသည့်အတွက် အင်အားထပ်ဖြည့်ရန် ကြိုးစားနေခြင်း ဖြစ်ပြီး လေကြောင်းအများဆုံးအသုံးပြုကာ အေအေ လက်ထဲမကျရောက်စေရေး အပြင်းအထန် ခုခံနေခြင်း ဖြစ်ကြောင်း မြို့ခံများကပြောသည်။

ရခိုင်မှာ ဖေဖော်ဝါရီ(ရ) ရက်မှ (၁၃) ရက်အထိ၊ ခြောက် ရက်တာ ရေကြောင်းတိုက်ပွဲများအတွင်းစစ်ကောင်စီ၏ စစ်သင်္ဘော (၃) စီး နှင့် ဇက်သင်္ဘော (၂) စီး စုစုပေါင်း (၅)စီးအား ရက္ခိုင့်တပ်တော် မှ တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီးအခြားသော (၄) စီးမှာလည်း ခုတ်မောင်း၍ မ၇နိုင်သည်အထိ ပျက်စီးသွားခဲ့ကြောင်း အေအေကထုတ်ပြန်ထားသည်။ (NN-7)

(ပုံစာ- စစ်ကောင်စီ ကမ်းထိုးစစ်ရေယာဉ် နေဗီတစ်စီးကို တွေ့၇စဉ်) 

 

#ရမ်းဗြဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.