Preview

ပုဏ္ဏားကျွန်း မြို့မရဲစခန်းအား ရက္ခိုင့်တပ်တော် သိမ်းပိုက်

ဖေဖော်ဝါရီ ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :4044
ရခိုင် သတင်း

ရက္ခိုင့်တပ်တော်(AA) သည်ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းအား ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ တစ်ခုတည်းသောတပ်ရင်းဖြစ်သည့် ခမ၇ (၅၅၀) အားလည်း ဗျူဟာမြောက်တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည်ဟု သိ၇သည်။

ထုတ်ပြန်ချက်ထဲတွင် “ပုဏ္ဏားကျွန်း အပါအဝင် ရသေ့တောင်၊ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မ ဌာနချုပ်များကိုရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည်”ဟု ဖော်ပြပါရှိသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ စခန်းတချို့အားအပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်တိုက် ဆင်နွှဲလျက်ရှိသည်ဟု သိ၇သည်။

ရက္ခိုင့်တပ်တော်မှ မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိစစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ငါးရက်မြောက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

၎င်းသင်တန်းကျောင်းကို ဖေဖော်ဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီလ(၂၂) ရက်နေ့ ပြင်းထန်စွာထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟုသိ၇သည်။

စစ်တွေ၊ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော စစ်ကောင်စီ၏တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူပြုလုပ်နေခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည်ယခင်ရက်များနည်းတူ ရမ်းဗြဲမြို့အား ဂျက်တိုက်လေယာဉ်၊Y12 လေယာဉ်များကို အသုံးပြုပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယနေ့ ညနေ(၅) နာရီပတ်ဝန်းကျင်တွင်လည်း ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်အနေဖြင့်သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီး တစ်ခုဆက်လက်ချေမှုန်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ လက်နက်ချ အညံ့မခံသေးသောကျန်ရှိနေသေးသည့် စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကိုတစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မိမိတို့အနေဖြင့်မိမိတို့သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို ဆက်လက် အကောင် အထည်ဖော်ရင်းစစ်ဆင်ရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ရန်သူ၏ စစ်ရေးတုံ့ပြန်မှုနှင့် ခုခံစစ် အပေါ်မူတည်၍မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#ပုဏ္ဏားကျွန်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.