Preview

ကျောက်ဖြူတွင် ငါးဖမ်းခွင့်ကို စစ်ကောင်စီက နောက်ထပ် (၂) လထပ်ပိတ်

ဖေဖော်ဝါရီ ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :1366
ရခိုင် သတင်း

ပင်လယ်ပြင်ကို အဓိက အားကိုးပြီး  အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြရသည့် ဒေသခံ ရခိုင်ပြည်သူများအားအကြီးအကျယ် အခက်အခဲဖြစ်စေသည့် ငါးမဖမ်း၇ အမိန့်ကို  စစ်ကောင်စီက ကျောက်ဖြူမြို့တွင် နောက်ထပ် ၂ လ တိုးမြင့်ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်ထဲတွင်  ကျောက်ဖြူမြို့နယ်/မြို့နှင့်ထိစပ်နေသော ပင်လယ်/ မြစ်ကမ်းတစ်လျောက် (လိပ်ခမော်ကျေးရွာအုပ်စု၊ဂုံးချိန်ကျေးရွာအုပ်စု၊ နတ်ကျောက်ကမ်းခြေ၊ဆိတ်ကျွန်း၊ သာဿနာ ၂၅၀၀ ကမ်းခြေ၊ စေတီရပ်ကွက်၊ အစိုးရရပ်ကွက်၊သန်ပန်ချောင်းရပ်ကွက်မြစ်နားတန်း ရပ်ကွက်၊ ကုလားပိုက်ဆိပ်ရပ်ကွက်၊ပြင်ဖြူမော်ရပ်ကွက်၊ ကညင်တောရပ်ကွက်၊ ငလပွေ့ရပ်ကွက် အုန်းချောင်း/ပလပွေ့ချောင်း၊ စိုင်ခြုံကျေးရွာအုပ်စု၊ အောင်စေတီရွာ၊ ကပ်သပြေကျေးရွာအုပ်စု၊ကန္ဒီး ကျေးရွာအုပ်စု၊ မြို့နှင့်ထိစပ်နေသော ကမ်းခြေဒေသများ၊သံဇစ်မြစ်အတွင်း)ရှိ ကမ်းခြေဒေသများ၊ ရေဒေသများ၊ ရေနယ်နိမိတ်များတွင်မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ(၂၄)နာရီ ကာလပတ်လုံး ငါးမဖမ်းရဟု ပါရှိသည်။

ဒေသခံပြသည်သူများ အနေဖြင့် (က) လက်လှေ ၊ဟွန်ဒါစက်လှေများသွားလာခြင်း ငါးဖမ်းဆီးခြင်း မပြုလုပ်၇၊  ( ခ) လက်လှေ၊ ဟွန်ဒါစက်လှေ၊စက်လှေ(ကြီး/ငယ်)၊ ကမ်းဝေး ငါးဖမ်းလှေများ ဖြတ်သန်းသွားလာခြင်း၊ ကမ်းကပ်ခြင်းမပြုလုပ်ရဟု ပါရှိသည်။ 

၎င်းတားမြစ်အမိန့်ကို မပျက်မကွက်လိုက်နာဆောင်ရွက်ကြရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါကတည်ဆဲဥပဒေများအရ အရေးယူမည်ဟု ဆိုသည်။

၎င်းအမိန့်ကြေငြာချက်သည်ထုတ်ပြန်သည့်နေ့မှစ၍ ၂၀၂၄ခုနှစ်၊ ဧပြီလ(၁၉ )ရက်နေ့ထိ အတည်ဖြစ်ကြောင်းထုတ်ပြန် ကြေငြာလိုက်သည်ဟု ပါရှိသည်။ 

ကျောက်ဖြူ မြို့နယ်အုပ်ချုပ်ရေးမှူးစာအမှတ်၊ ၂ / ၃ / ၃ - ၂ / ဦး ၁( အထဥ) ရက် စွဲ ၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်ထုတ်ပြန်ထားခြင်းဖြစ်သည်။



#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.