Preview

မင်းပြား ပြည်သူ့ လွှတ်တော်ကိုယ် ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်း ဘန်ကောက်တွင် ကွယ်လွန်

ဖေဖော်ဝါရီ ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :2822
ရခိုင် သတင်း

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်၇ မင်းပြားမြို့နယ် အမှတ်(၂) ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးထွန်းဝင်း အသက် (၉၅)နှစ် သည်ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင်ကွယ်လွန်သွားကြောင်းသိ၇သည်။

ဦးထွန်းဝင်းသည် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့  နံနက်၃နာရီ၃၀ အချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်ဟုသိ၇သည်။

အာရက္ခမီဒီယာအယ်ဒီတာချုပ် ဦးသိန်းထွန်းဇံ ၏ ဖခင်ကြီးလည်းဖြစ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကိုစတင် တည်ထောင်ခဲ့သူ ခေါင်းဆောင်များအထဲက တစ်ဦးလည်းဖြစ်သည့်   ဦးထွန်းဝင်းသည် ၁၉၉၀ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် မင်းပြားမြို့နယ် အမှတ်၂မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရသည်

၎င်းပြင် ဦးထွန်းဝင်းသည် ရခိုင်နိုင်ငံရေးနယ်ပယ်တွင် အချိန်အကြာကြီး ဖြတ်သန်းဖူးသူ တစ်ဦးဖြစ်ပြီး NCGUB အစိုးရအဖွဲ့တွင်လည်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။  ဦးထွန်းဝင်းသည် “အရက္ခပြည် လုံး၀လွတ်လပ်ရေးမှတပါး အရာအလိုမရှိ”ဟု ကြွေးကြော်ထားသူ တစ်ဦးဖြစ်ကြောင်းလည်း သိ၇သည်။

ဦးထွန်းဝင်းအား၂၀၂၄ ခု၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့၊ မွန်းလွဲ (၃)နာရီ အချိန်တွင်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဧကချိုင် လမ်းနံပါတ် (၁၁၉) ဘုန်းတော်ကြီးကျောင်းတွင် မီးသဂြိုလ် မည်ဖြစ်ကြောင်းသိ၇သည်။

#မင်းပြား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.