၇ခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်နှ
ဘူးသီးတောင်မြို့တွင် ယနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့တွင်မြို့အနီးစပ်ဆုံး မြတောင်ဆိပ်ကမ်း အနီးအနားတွင် ကင်းပုန်း ဝပ်လျက်ရှိသည်ဟုဘူးသီးတောင်မြို့ခံတစ်ဦးကနိရဉ္စရာသတင်းဌာနကို ပြောသည်။
" မြတောင်ဆိပ်ကမ်းနားမှာစစ်သားတွေကင်းပုန်းဝပ်နေတယ်။ အဲသလို ကင်းပုန်းလာဝပ်ရင်တစ်ခုခုဖြစ်မှာကို စိုးရိမ်ရတယ်။ အဓိက အဲဒီဆိပ်ကမ်းမှာနယ်ကလာတဲ့ စက်လှေတွေ ဆိုက်ကပ်လေ့ရှိတဲ့အတွက် စက်လှေတွေကို ဖမ်းဖို့ ကင်းပုန်းလာဝပ်ပုံ၇ပါတယ်” ၎င်းကပြောကြားသည်။
ဘူးသီးတောင်မြို့သည် အမှတ်(၁၅) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်အခြေစိုက်သောမြို့ဖြစ်ပြီး ရက္ခိုင့်တပ်တော်က ဝင်တိုက်ရန် စစ်ရေးအရ ခြိမ်းခြောက်ခံနေ၇သောမြို့တစ်မြို့လည်းဖြစ်သည်။
ဘူးသီးတောင်မြို့ အနီးဝန်းကျင်တစ်ဝိုက်တွင်လည်း မကြာခဏတိုက်ပွဲများဖြစ်ပွားနေပြီး စိုင်းတင်တံတားအပါအဝင် စစ်စခန်းအများအပြားကိုလည်း ရက္ခိုင့်တပ်တော်ကသိမ်းပိုက်ထားသည်ဟု သိ၇သည်။
“ အခုက နေ့လား၊ ညလား တပ်တော်က ဝင်တိုက်မယ်ဆိုပြီး အဲသလို သတင်းဖြစ်နေတယ်။သူတို့လည်း စိုးရိမ်လို့နေမှာပေါ့။ နေ့တိုင်း လူသွားလူလာလမ်းပေါ်မှာ ကင်းပုန်းဝပ်တယ်။လက်နက်ကြီးပစ်တယ်။ အဲသလို လုပ်နေတာမျိုးတော့ တွေ့၇ပါတယ်”ဟု၎င်းက ဆက်ပြောသည်။
ယနေ့နံနက်အစောပိုင်းကလည်းဘူးသီးတောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အမြောက်တပ် (၃၇၈)တပ်ရင်းမှအတွဲလိုက်ဒုံးကျည်များ၊လက်နက်ကြီးကျည်များ ပစ်ခတ်လျက်ရှိသည်ဟု ဘူးသီးတောင် ဒေသခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာ
" မနက်ကတည်းကနေဘယ်ကိုပစ်လို့ပစ်မှန်းမသိဘူး။ ၃၇၈ကပစ်နေတာ။ အတွဲလိုက်တွေ ပစ်ခတ်သံတွေ အခု ၁၁နာရီထိပစ်တုန်းပါပဲ။ပစ်ခတ်သံမကြားတာ ၂ရက်လောက်ရှိနေပြီ။ဒီနေ့မှ ပြန်စပစ်တာ။ လက်နက်ကြီးပစ်တော့ အရပ်သားတွေက စိုးရိမ်နေကြ၇တာပေါ့ " ဟုပြောသည်။
ဘူးသီးတောင်မြို့အထွက်ဇီးပေါ်ရွာ၊ခကျရွာဖက်တို့၏ လမ်းများတွင်လည်း စစ်သားများ ကင်းပုန်းဝပ်လျက်ရှိ
လက်ရှိဘူးသီးတောင်မြို့ပေါ်တွင် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍နေအိမ်များကို စွန့်ခွာကာ စစ်ရှောင်နေကြသူများရှိသလို တချို့လည်း မြို့ပေါ်တွင် ဆက်လက်နေထိုင်နေဆဲဟုသိ၇သည်။
ဘူးသီးတောင်တွင်စကခ ၁၅ ဌာနချုပ် အခြေစိုက်ပြီး လက်အောက်ခံ ခမ၇ ၃၄၅၊ ခမ၇ ၃၅၂၊ ခမ၇ ၃၅၃၊ ခမ၇၅၃၅၊ ခမ၇ ၅၅၁၊ ခမ၇ ၅၆၄၊ ၅၆၅၊ခမ၇ ၅၅၂ တို့အပြင် ဘူးသီတောင်၌နပခ လက်အောက်ခံ ခလ၇ ၂၃၃၊ ခလ၇ ၂၃၄၊ ခလ၇ ၂၆၃ တို့ အခြေစိုက်ထားသည်ဟုသိ၇သည်။
အနီးရှိခမ၇ ၅၅၁ တပ်ရင်းသည်လည်း ဒေသအခေါ်အဝေါ် (တပ်မ) စကခ (၁၅)သို့ပူးပေါင်းသွားကြပြီဟုမြို့ခံများကပြောသည်။( NN-11)