Preview

မောင်တောမြို့ ရန်အောင်ပြင်ကင်းစခန်းအား AAက ၅ နာရီ တိုက်ပွဲအတွင်း အပြီးသတ်သိမ်းပိုက်

ဖေဖော်ဝါရီ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :3260
ရခိုင် သတင်း

(ပုဏ္ဏားကျွန်း ခမ၇ (၅၅၀) ကိုနှင့်မင်းပြားတိုင်းဗဟို(၉) သင်တန်းကျောင်းကိုဆက်လက် ထိုးစစ်ဆင်တိုက်)

ရက္ခိုင့်တပ်တော်(AA)သည်မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းအား ဖေဖော်ဝါရီ ၂၃ ရက်နေ့က (၅)နာရီခန့်အကြာ တိုက်ခိုက်မှုအတွင်း သိမ်းပိုက်လိုက်သည်ဟုတပ်တော်က သတင်းထုတ်ပြန်သည်။

၎င်းစခန်းသည် လက်နက်ချ အညံ့မခံသည့် စခန်းများထဲမှတစ်ခုဖြစ်သဖြင့် ရက္ခိုင့်တပ်တောကဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက် (ရ) နာရီ (၃၂) မိနစ်မှစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် (၁၂) နာရီ (၁၅) မိနစ်တွင်၎င်းစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

၎င်းအပြင် ၎င်းပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

မင်းပြားမြို့မှတစ်ခုတည်းသော ရန်သူ၏ လက်ကျန်စခန်းဖြစ်သည့် ကမ်းနီရွာအနီးရှိစစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကိုရက္ခိုင့်တပ်တော်မှ ခြောက်ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသလို ပုဏ္ဏားကျွန်းမြို့မှ ခမ၇ (၅၅၀) ကိုလည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည်ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယခင်နေ့များနည်းတူဆက်လက်ပြုလုပ်နေသည်ဟု သိ၇သည်။

ရက္ခိုင့်တပ်တော်အနေဖြင့်သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်းထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည့်နည်းတူ လက်နက်ချအညံ့မခံသေးသောကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကိုတစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောက်း၊ ထို့ကြောင့်ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြားမြို့များ၌ရှိသော လက်နက်ချအညံ့မခံသည့် အကြမ်းဖက် စစ်ကောင်စီ၏စစ်စခန်းများကိုရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ပုံစာ- စစ်ကောင်စီ ၏ အမှတ် (၉)တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း/AAInfo Desk

#မောင်တောမြို့
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.