Preview

အသက်၁၈နှစ်နှင့် ၃၅ နှစ်အကြား ရခိုင်လူငယ်များအား ရန်ကုန်မှရခိုင်သို့ လေယာဉ်ဖြင့် သွားလာခွင့် ပိတ်ပင်ကန့်သတ်

ဖေဖော်ဝါရီ ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :4763
ရခိုင် သတင်း

အသက် ၁၈နှစ်နှင့် နှစ်ကြား၇ခိုင်လူငယ်များအား ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစတင်ကာ ရန်ကုန်မှ ရခိုင်သို့ လေကြောင်းဖြင့် ခရီးသွားလာခွင့်ကိုကန့်သတ်ပိတ်ပင်ထားကြောင်း ကိုယ်တိုင်ခရီးသွားလာခဲ့သူ အသက် ၅၀ ခန့်အရွယ် ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ထို့သို့သတ်မှတ်ခြင်းသည် စစ်ကောင်စီမှ တရားဝင်စာထုတ်ခြင်းမဟုတ်ပဲ လေယဉ်ကွင်းရောက်မှသာ တားမြစ်ခြင်း ဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့၇သူတစ်ဦးကပြောသည်။

လေကြောင်းခရီးမှာ မနေ့ကစပြီး ကန့်သတ်လိုက်တယ်။အသက် ၁၈ နဲ့ ၃၅ ကြားလူငယ်တွေ ၇ခိုင်ကို လေကြောင်းနဲ့ ပြန်မယ့်သူတွေကို ယာယီပိတ်တယ် ခွင့်ပြုဘူးပေါ့ ပြန်အတက်၇တယ်။ရခိုင်ကနေ ရန်ကုန်ကို လာလို့၇တယ်။  ရန်ကုန်ကနေပြီး ၇ခိုင်ကို အဝင်မခံတာလေဟု ဖေဖော်ဝါရီ ၂၅ရက်နေ့ ရန်ကုန်မှ ၇ခိုင်သို့ လေယာဉ်ဖြင့်လိုက်ပါလာ သူတစ်ဦး ကပြောသည်။

လေဆိပ်ရောက်ပြီးမှ လေယာဉ်ပေါ်သို့ တက်ရောက်ရန် လေယာဉ် ကောင်တာတွင် Check in မပြုလုပ်ပေးသဖြင့်လေယာဉ်လက်မှတ်ဖိုး ဆုံးရှုံးသူများရှိနေသည်ဟုလည်း သိ၇သည်။

လက်ရှိ ရခိုင်သို့ ပြေးဆွဲနေသည့် ၇န်ကုန်-သံတွဲလေကြောင်းလိုင်း ရန်ကုန်-စစ်တွေလေကြောင်းလိုင်းနှင့် ရန်ကုန်-ကျောက်ဖြူလေကြောင်းလိုင်း ခရီးစဉ်များကိုခွင့်မပြုဟု ဆိုသည်။

လက်မှတ်ကတော့ အေးဂျင့်ွေက ရောင်းရင်ရောင်းမှာလေ အဲ့ဒါကြောင့်သတိပေးတဲ့ နေနဲ့ပြော တာ အေဂျင့်ကတော့ ပိုက်ဆံရရင် ရောင်းမှာပဲရောင်းပြီးလေယာဉ်ကွင်း ရောက်မှသွား လို့မရဘူးဆိုရင် အားလုံးဆုံးပြီလေဟု အဆိုပါ ခရီးသွားကထပ်ပြောသည်။

စစ်ကောင်စီသည် ရန်ကုန်မှ၇ခိုင်သို့ သွားရောက်သည့် ၇ခိုင်လူမျိုးခရီးသည်များအားလေကြောင်း ခရီးအပါအဝင် အဝေးပြေးကားများကိုပါ စစ်ဆေးဖမ်းဆီးလျက်ရှိကြောင်း သိ၇သည်။

ရန်ကုန်မှ ၇ခိုင်သွားမည့် ခရီးသည်တင်ကား စီးမှ ခရီးသည်အမျိုးသားအများအပြားကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် နာရီအချိန်တွင် ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကွင်း၌ စစ်ကောင်စီမှ ဖမ်းဆီးပြီး ရက်ကြာအထိ ပြန်မလွှတ်ပေးသေးကြောင်းသိ၇သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စပြီး လေကြောင်းလိုင်းများဖြင့် ရန်ကုန်ကနေ စစ်တွေသို့ ပြန်လာသည့် ခရီးသည်အများအပြားကိုလည်း စစ်တွေလေဆိပ်၊ ကျောက်ဖြူလေဆိပ်၊ သံတွဲလေဆိပ်တို့မှ စောင့်ဖမ်းပြီးလက်ရှိအချိန်ထိ လူအများအပြားကို ဖမ်းဆီးထိန်းသိမ်း ထားဆဲဖြစ်ကြောင်း သိ၇သည်။  (NN-20)


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.