Preview

ရမ်းဗြဲမြို့ကို ဂျက်လေယာဉ် ၃ စီးဖြင့် တပြိုင်တည်းဗုံးကြဲတိုက်ခိုက်

ဖေဖော်ဝါရီ ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :3613
ရခိုင် သတင်း

နိရဉ္စရာ(ဓာတ်ပုံသတင်း) ဖေဖော်ဝါရီ ၂၅/၂၀၂၄

ရခိုင်ပြည် ရမ်းဗြဲမြို့ကို ယနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့တွင်လည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် တပြိုင်တည်း လာရောက်ဗုံးကြဲသည်ဟုသတင်းရရှိသည်။

ဗုံးများ ပေါင် ၅၀၀ ဗုံးများဖြစ်ပြီး ခါတိုင်းဗုံးများထက် ပေါက်ကွဲမှုပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။


ရက္ခိုင့်တပ်တော်( AA) က ရမ်းဗြဲမြို့သိမ်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အားအပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်နေရာ ရမ်းဗြဲမြို့ မကျရေးအတွက်စစ်ကောင်စီက အစွမ်းကုန် စစ်လေယာဉ်များဖြင့် စစ်ကူတိုက်ခိုက်နေသလို ရေတပ်စစ်ရေယာဉ်များဖြင့်လည်းအစွမ်းကုန် ပါဝင်တိုက်ခိုက်နေသည်ဟု သိ၇သည်။

၎င်းပြင် ရမ်းဗြဲမြို့ လူနေရပ်ကွပ်များကိုလည်းစစ်ကောင်စီက လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲကာ အစွမ်းကုန် ဖျက်ဆီးပစ်နေသည်ဟု ဒေသခံများကပြောကြားသည်။  


ထိုသို့ ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားပြီဟု ဒေသခံများက ပြောဆိုသည်။

ပုံစာ- ယနေ့ကြဲချသည့် ဗုံးခွံများကို တွေ့၇စဉ်(ဓာတ်ပုံ- ပေးပို့)

#ရမ်းဗြဲမြို့
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.