သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ သေချာပေါက်ရှုံးနေပြီဖြစ်၍ အရှုံးသမားကောင်း ပီသအောင်ကြိုးစားရန်နှင့် အပြစ်မဲ့ပြည်သူ လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ပြီး ဆက်လက် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် သတိပေး


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 15.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ သေချာပေါက်ရှုံးနေပြီဖြစ်၍  အရှုံးသမားကောင်း ပီသအောင်ကြိုးစားရန်နှင့်  အပြစ်မဲ့ပြည်သူ လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ပြီး ဆက်လက် မိုက်တွင်း မနက်ရန် ရက္ခိုင့်တပ်မတော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏တွစ်တာမှ တစ်ဆင့်  သတိပေးလိုက်သည်။ 

"ခင်ဗျားတို့ရဲ့စစ်ပညာနဲ့ကြိုးစားမှုကိုလေးစားပါတယ်။ဒါပယ်မဲ့ လူကြီးမင်းတို့က သေချာပေါက် ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်းပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသော အကောင်းဆုံးရွေးချယ်စရာဖြစ်ပါလိမ့်မည်" ဟု ရေးသားထားပါသည်။


ယင်းအပြင် "တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှ မရှိတဲ့ အပြစ်မဲ့ ပြည်သူလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုး မိုက်တွင်း နက်နေဦးမယ် ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီး မြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်"ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆက်လက် သတိပေးထားသည်။

လက်ရှိ ရခိုင်တွင် အကြမ်းဖက်စစ်ကောင်စီသည် ရခိုင်ပြည်သူများ ဖမ်းဆီးမှုများ၊ လေယာဉ်စီး ခရီးသည်များကို ဖမ်းဆီးထားခြင်း၊ အဝေးပြေးကားပေါ်မှ ရခိုင်သွားမည့် ပြည်သူနှင့်လူငယ်များကို ဖမ်းဆီး စစ်ဆေးခြင်းများ ဆက်တိုက် လုပ်ဆောင်နေသည်။

ရန်ကုန်နှင့် မန္တလေးစသည့် မြို့ကြီးများတွင် စစ်ကောင်စီလော်ဘီချန်နယ်များ နှင့် လူမှုကွန်ယက် စာမျက်နှာများ လူမျိုး ပဋိပက္ခများဖြစ်အောင် တမင်လှုံ့ဆော်မှုများရှိသကဲ့သို့ ပြည်မတွင် နေထိုင်နေသည့် ရခိုင်လူငယ်များကိုလည်း လိုက်လံဖမ်းဆီး စစ်ဆေးခြင်းများ လုပ်ဆောင်လျက် ရှိသည်။ (NN - 9)

ဆက်စပ် သတင်းများ