Preview

ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည်ထိမှန်၍ လူငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :1167
ရခိုင် သတင်း

၇ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးကျည်စ ထိမှန်၍ အသက် ၁၀နှစ်ကျော်အရွယ် လူငယ်တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သတင်း ရရှိသည်။

ဒဏ်ရာရရှိသူမှာမင်းကန်ကျေးရွာမှ မောင်မောင်မျိုးဦး အသက်(၁၄)နှစ် ဖြစ်ပြီး ဝမ်းဗိုက်တွင် လက်နက်ကြီးကျည်ထိမှန်သွားခြင်းဖြစ်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ည ၆နာရီခန့်ကစစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်များသည် မင်းကန်ရွာထဲကျရောက် ပေါက်ကွဲခဲ့ပြီး ၎င်းလူငယ်အား ကျည်စများ ထိမှန်ခဲ့ကာ နေအိမ်တချို့လည်း ပျက်စီးသွားခဲ့သည်ဟု ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး (PYO)မှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာကိုပြောသည်။

" မနေ့ကညနေ ၆နာရီလောက်ကဖြစ်တာပါ။နေဗီကလည်းပစ်တယ်။ ၅၅၀တပ်ရင်းဖက်ကလည်း ပစ်တယ်။ ဘယ်ကပစ်တဲ့ လက်နက်ကျတာလည်း သေချာတော့မသိဘူး။ အဲဒီကလေးကိုဒဏ်ရာရလို့ နီးစပ်ရာဆေးရုံကို ပို့ထားတယ်။ နောက်ဆက်တွဲသိရသလောက်အစာအိမ်ပေါက်တယ်ကြားတယ်" ဟုပြောသည်။

ရက္ခိုင့်တပ်တော် (AA) ပုဏ္ဏားကျွန်း ခမ၇၅၅၀တပ်ရင်းကို တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိ၇သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်သားတစ်ချို့ အလံဖြူထောင်ကြီး  တပ်မ (၂၂)မှ စစ်သားများသည်လက်နက်ချအညံ့မခံဘဲ ဆက်လက်တိုက်ပွဲဝင်နေကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" မနေ့က ညကတော့ စစ်သားတချို့အလံဖြူထောင်တယ်။  ၅၅၀တပ်က တစ်ဝက်လောက်လို့ ကြားတယ်။တပ်မ ၂၂ စစ်သားတွေက လုံး၀မ ထောင်ပြဘူး။ အညံ့မခံတဲ့သဘော။ နေဗီတစ်စီးကလည်း မြစ်ထဲမှာ ရှိနေတယ်။ လက်နက်ကြီးတွေနဲ့ပစ်တာတွေလည်းရှိပါတယ်" ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့မှခမ၇ (၅၅၀) တပ်ရင်းဌာနချုပ်သည် လက်နက်ချ အညံ့မခံသေးသော စခန်းများထဲမှ တစ်ခုဖြစ်သည့်အတွက်  ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (AA)က ယမန်နေ့က သတင်း ထုတ်ပြန်ထားသည်။(NN-11) 

#ပုဏ္ဏားကျွန်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.