တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

တိုင်းဗဟို ၉မှ လက်နက်ကြီးကျည်ကျ၍ အသက် ၈၀ အရွယ်ချင်းအဖွားအိုတစ်ဦး သေဆုံး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ချောင်းနက်ကျေးရွာမှ အသက် (၈၀) အရွယ် ချင်းအမျိုးသမီး အဖွားအို တစ်ဦး လက်နက်ကြီးကျည်ထိမှန်၍ ယနေ့ နံနက်က ကွယ်လွန်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ကွယ်လွန်သွားခဲ့သည့် အမျိုးသမီးမှာ ဒေါ်စံမြဖြူ (ခေါ် ) ဒေါ်ဆိုစောဟု သိရသည်။

“ ကမ်းနီ တိုင်ဗဟို ၉ က ဒရုန်းနဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျလို့ သေဆုံးသွားတာပါ။ အသက်ကြီးပီးဆိုတော့ မထွက်ပြေးချင်ဘူးပြောလို့ တစ်ယောက်ထဲ ရွာမှာ ထားခဲ့ရတာပါ။ ဒီနေ့ မနက်မှာ လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်”ဟု ၎င်း ဒေသခံက ပြောကြားသည်။

တိုင်းဗဟို ၉ အား ရက္ခိုင့်တပ်တော်က ယနေ့ နေ့လယ်က မသိမ်းပိုက်မီ အဆိုကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ နေအိမ် ၅ လုံးလည်း မီးလောင်သွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ချောင်းနက်ကျေးရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး တိုင်းဗဟို ၉ အနီးတွင် တည်ရှိကာ ၎င်းရွာ၏ အနီးအနားတွင် မေလွမ်းရွာ တည်ရှိသည်ဟု သိရသည်။

ပုံစာ- လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ရသည့် ဒေါ်စံမြဖြူ (ခေါ် ) ဒေါ်ဆိုစော (ဓာတ်ပုံ- ပေးပို့)

ဆက်စပ် သတင်းများ