Preview

မင်းပြားတွင် စစ်ဘေးရှောင်များတည်းခိုနေသည့်စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးများကြဲချ၍ အရပ်သား ၂၀ ကျော်ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၇/ ၂၀၂၄ | ကြည့်ရှုသူ :1436
ရခိုင် သတင်း

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သေကန်ရွာရှိ စစ်ဘေးရှောင်များတည်းခိုနေသည့် စာသင်ကျောင်းနှင့် ရွာထဲကို စစ်ကောင်စီက လေကြောင်းကနေဗုံးဖြင့် ကြဲချ၍ စစ်ဘေးရှောင်နှင့် ရွာသား ၂၀ ဦး ဒဏ်ရာရရှိသွားခဲ့ပြီး ထိုအထဲမှ ၁၅ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိ၇သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ညအချိန် အစောကြီး ၁ နာရီခန့်တွင် စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားများက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

သေကန်ရွာမှ အမျိုးသမီးကြီးတစ်ဦးက " ညဉ့် တစ်နာရီလောက်မှာ လေယာဉ်နဲ့  ၂ ကြိမ်လာပစ်တာပါ။ ပထမတစ်ခေါက်က မင်းပြားက စစ်ရှောင်တွေနေကြတဲ့ စာသင်ကျောင်းကို ဗုံး နှစ်လုံးချပါတယ်။ ၅ မိနစ်လောက်နေရင် နောက်တစ်ခေါက် ရောက်လာပါတယ်။ ရွာထဲကိုပစ်ချပါတယ်။ တိုက်ပွဲ ဖြစ်တာလည်းမရှိဘဲ တမင်လာပစ်တာပါ။ ပေါင် ၅၀၀ဗုံးလို့သိရပါတယ်။ လေယာဉ်လာသံလည်း မကြား၇ပါဘူး။ ပစ်ချပြီးမှ သိပါတယ်။ အဲ့ဒီအချိန်မှ  ကြောက်လန့်ပြီး အကုန်ထွက်ပြေးကြတယ်"ဟု ပြောသည်။


ယင်းသို့ ဗုံးများကြဲချသည့်အတွက် လူပေါင်း ၂၀ ကျော်ထိခိုက်ပြီး စာသင်ကျောင်းနှင့် လူနေအိမ် ၁၀ လုံး ပျက်စီးသွားကြောင်း သိ၇သည်။

လက်ရှိမှာ ဒဏ်ရာပြင်းထန်သည့်လူနာများအား အနီးအနားရှိ ဆေးခန်းသို့ ပို့ဆောင်ထားကြောင်း ဒေသခံများအား ပြောသည်။

"စာသင်ကျောင်းမှာနေတဲ့ မင်းပြားက စစ်ဘေးရှောင် မိသားစုနှစ်စုထိပါတယ်။ ရွာထဲမှာလည်း ဒဏ်ရာရကြတယ်။ ဆေးရုံရောက်သွားတာက ဆယ့်ငါးယောက်လောက်ရှိတယ်။ ရွာမှာလည်း အနည်းအကျဥ်းဒဏ်ရာရသူတွေကိုရွာမှာ ကုပါတယ်။ အားလုံး ၂၀ ကျော်ပါတယ်"ဟု ပြောသည်။

သေကန်ရွာတွင်လူဦးရေ ၄၀၀ ကျော်၊ အိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း သိ၇သည်။

ရက္ခိုင့်တပ်တော်(AA)က မင်းပြားအခြေစိုက် စစ်ကောင်စီ တပ်ရင်းများဖြစ်သည့် ခမ၇ ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်းများကို ဖေဖော်ဝါရီ  ၆ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းမြို့နယ်အတွင်း နောက်ဆုံး ကျန်ရှိသည့် တိုင်းဗဟို (၉) လေ့ကျင့်ရေးသင်တန်းကျောင်းကိုလည်းယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်က သိမ်းပိုက်လိုက်သည့် အပေါ် မကျေနပ်သော စစ်ကောင်စီသည် အရပ်သားကျေးရွာသို့ တမင်ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိ၇သည်။ (NN-7)

#မင်းပြား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.