ရခိုင်ပြည်၊ သံတွဲမြို့တွင် ပြည်သူ့စစ်မှုထမ်းရန်မဲနှိုက်ပြီး လူငယ်များကို အတင်းဓမ္မခေါ်ယူနေကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၇ ရက် တစ်ရက်တည်းတွင်သံတွဲမြို့မှ ဇလွန်ရွာအပါအဝင် ရေဖြူအိုင်၊ မဲနည်ကွင်း၊ ဂုန်း
ဇလွန်ကျေးရွာတွင်
" တစ်အိမ်တစ်ယောက်အိမ်ထောင်ဦးစီးအမျိုးသားတွေ အစည်းအ ဝေးကို လာရမယ်ပြောတယ်။အစည်းအဝေးကိုရောက်တော့ မှ လာတဲ့လူတွေကိုမဲနှိုက်ခိုင်းတယ်
ရွေးချယ်ခံ၇သူများကိုစစ်သင်တန်း၁၂ရက် ပို့ချပေးမည်ဖြစ်သည်ဟု ဆိုသည်။
၎င်းကျေးရွာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ထောက်ခံသူနှင့်မထောက်ခံသူများအကြား သဘောထားကွဲလွဲမှုရှိနေသည်ဟု ၎င်းကပြောသည်။
" စစ်တပ်ကို ထောက်ခံတာလူကြီးပိုင်းတွေ။မထောက်ခံတာ အများစုကတော့ လူငယ်ပိုင်း လူလတ်ပိုင်းတွေ ။ကျနော့်သူငယ်ချင်းတွေလည်း ရွေးချယ်ခံရတဲ့အထဲမှာ ပါသွားကြ
ယမန်နေ့ ကလည်းသံတွဲမြို့နယ်၊ ငပလီမြို့ လင်းသာ ရပ်ကွက်မှ လူငယ် ၁၁ဦးကို ပြည်သူ့စစ်မှုထမ်းရန်စစ်ကောင်စီမှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
လက်ရှိစစ်မှုထမ်းရန်ထောက်ခံကြ
ဒေသအတွင်းက အမည်မဖော်လိုသူ လူမှုရေးလုပ်နေသူ လူငယ်တစ်ဦးက“ ဒီစစ်မှုထမ်းဖို့ ခေါ်တဲ့အပေါ်မှာ အသေအချာစဉ်းစားကြဖို့လိုတယ်။လက်နက်ကိုင်ပြီး စစ်ကောင်စီကို ကာကွယ်ပေးရမှာဖြစ်တဲ့အတွက် ရိုးရိုးသားသားနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်ပွဲထဲမှာ ပါဝင်သွားမယ်။ နောက်လာမယ့် အကျိုးဆက်အနေနဲ့ ကိုယ်တစ်ယောက်တည်းအတွက်မဟုတ်ဘူး။ မိသားစုတွေအတွက်ပါ စိုးရိမ်စရာဖြစ်လာတယ်။လက်နက်ကိုင်ရင် မတိုက်ချင်လည်း တိုက်ရတော့မယ်လေ။ အလွန် အန္တရာယ်များတဲ့ အလုပ် ဖြစ်တာကြောင့်သေချာစဉ်းစားကြဖို့လိုပါမယ်”ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။
စစ်ကောင်စီသည် အသက်၁၈နှစ်ပြည့်သည့် အမျိုးသား၊ အမျိုးသမီးများကို စစ်မှုထမ်းရမည်ဟုဖေဖော်ဝါရီ ၁၀ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အမျိုးသမီးများကို နောက်မှ စစ်မှုထမ်းရန်ခေါ်ယူမည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။
ယင်းသို့ထုတ်ပြန်ပြီးနောက်ရခိုင်မှ လူငယ်အများအပြားကို စစ်ကောင်စီမှ ရန်ကုန်လေဆိပ်၊ ရခိုင်ဒေသရှိ စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲ လေဆိပ်များနှင့် ကားဂိတ်များတွင် မတရာ
ဆက်လက်ပြီး ရခိုင်ပြည် သံတွဲမြို့နယ်တွင်လည်း ပြည့်သူစစ်မှုဥပဒေကို စတင်အသက်သွင်းလာသဖြင့် လူထုအကြား စိုးရိမ်မှု တိုးပွားလျက် ရှိနေသည်ဟု သိ၇သည်။(NN-11)