Preview

အနောက်ပိုင်းတိုင်းမှူးနှင့် ရန်ဖြစ်သည့် စစ်တွေဒကစမှူးကို ဖမ်းဆီး၊ စစ်ခုံရုံးဖွဲ့၍စစ်ဆေး

ဖေဖော်ဝါရီ ၂၇/ ၂၀၂၄ | ကြည့်ရှုသူ :19169
ရခိုင် သတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့်ရန်ဖြစ်သည့်စစ်တွေဒေသကွပ်ကဲမှူး စစ်ဌာနချုပ် (ဒကစမှူး) ဗိုလ်မှူးချုပ်မျိုးမင်းလတ်ကိုစစ်ရုံးချုပ်ကဖမ်းဆီးထားပြီးစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမည်ဖြစ်ကြောင်းသိသည်။

၇ခိုင်တွင် စစ်ရှုံးနေသည့်ကိစ္စများနှင့် ပတ်သက်၍ အစည်းအဝေးတွင် စကားများ ရန်ဖြစ်ကြရာမှ တိုင်းမှူး နှင့် ဒကစမှူးတို့ ထိုးကြိတ်ခဲ့ကြကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

"မျိုးမင်းလတ်က အရာရှိလေ့ကျင့်ရေးကျောင်း အပတ်စဥ်၂၆ ကဆင်းတာ။ တိုင်းမှူးက DSA ကျောင်းဆင်း အပတ်စဥ် ၃၅ က။ ရာထူးလည်း နည်းနည်းကြီးတယ်။ ဗိုလ်ချုပ်ဆိုတော့ မင်းတို့အရာရှိလေ့ကျင့်ရေး ကျောင်းဆင်းတွေ အသုံးမကျလို့ဆိုပြီး ကျောင်းကိုပါစော်ကားတော့ ဟိုကလည်း ပြန်ပြောတော့ မင်းဘာကောင်လဲ။ ငါဘာကောင်လဲ ဖြစ်ကြတာ။ ထိုးကြကြိတ်ကြရင်း တိုင်းမှူးက ခုံမှာဆောင့်မိပြီး သွားကျိုးသွားတယ်။ ဒကစမှူးတော့ အထိုးခံ၇လို့ နှာခေါင်းရိုးကျိုးသွားတယ်။ သေနတ်နဲ့ မဟုတ်လို့ တော်သေးတယ်"ဟု ပြောသည်။

ယင်းသို့ စကားများရန်ဖြစ်ပြီးနောက် တိုင်းမှူး၏တိုင်ကြားချက်ကြောင့် စစ်ရုံးချုပ်က ဒကစမှူး ဗိုလ်မှူးချုပ်မျိုးမင်းလတ်ကို  ဖမ်းဆီးထားကြောင်း ၄င်းက ဆက်ပြောသည်။

"အစည်းအဝေးမှာ စကားများရန်ဖြစ်ပြီးတော့ တိုင်းမှူးက လှမ်းတိုင်တာ စစ်ရုံးချုပ်က လာဖမ်းသွားတယ်။ အခု သူတို့ကို ဗဟိုမှာ၊ စစ်ရုံးချုပ်မှာ စုံခုံဖွဲ့ပြီး စစ်ဆေးနေတယ်"ဟု ပြောသည်။

တပ်တွင်း သတင်းရင်းမြစ်များအရယခုကဲ့သို့ အဆင့်မြင့် စစ်ကောင်စီတပ်မှူးများအဆင့် ရန်ဖြစ်ကြခြင်းသည် ဖေဖော်ဝါရီ ၂၄ရက်နေ့က  ရမ်းဗြဲမြို့သို့ စစ်ကူပို့ရာတွင်စစ်သားအယောက် ၈၀ ကျော်ချေမှုန်းခံရပြီး လက်နက်ခဲယမ်းများ ဆုံးရှုံးရမှုနှင့် ပတ်သက်ပြီးတစ်ဦးနှင့် တစ်ဦး အပြစ်တင်စကားများရာမှ ထထိုးကြခြင်းဖြစ်ကြောင်း သိ၇သည်။

ရခိုင်မြို့တော် စစ်တွေကို ရက္ခိုင့်တပ်တော်က လက်နက်ချရန်နှင့်လက်နက်မချပါက ဝင်ရောက် တိုက်ခိုက်မည်ဟု သတိပေးထားပြီး တပ်တွင်းတွင်လည်း စိုးရိမ်မှုများရှိနေပြီးတပ်မိသားစုအများစုမှာ ရန်ကုန်အပါအဝင် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်သွားကြပြီဟု သိရှိ၇သည်။

စစ်ကောင်စီတပ်သည် ၇ခိုင်စစ်မြေပြင်တွင် အကြီးအကျယ်စစ်ရှုံးနေပြီး ထိခိုက်ကျရှုံးမှုများနေသည့်အတွက်  တပ်တွင်းတွင်လက်နက်ချအလင်းဝင် မဝင်ကိစ္စများသဘောထားကွဲပြားမှုများ ရှိနေသည်ဟုလည်းသိရှိ၇သည်။(NN-7) 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.