Preview

ကျောက်ဖြူ ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းမှ အမျိုးသား ၁၀၇ ဦးကို သင်တန်းပေးရန် စကစဗျူဟာမှူးကိုယ်တိုင် လာရောက်စာရင်းကောက်

ဖေဖော်ဝါရီ ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :2391
ရခိုင် သတင်း

၇ခိုင်ပြည်၊ကျောက်ဖြူမြို့၊ ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းမှ လူငယ်အမျိုးသား ၁၀၇ ဦးကို မနက်ဖြန် ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင်စစ်သင်တန်းပေးရန် ခေါ်ယူမည်ဟုဆိုကာစစ်တပ်ဗျူဟာမှူး ကိုယ်တိုင် လာရောက်ပြီးအတင်းအဓမ္မ စာရင်းကောက်ယူသွားကြောင်းသတင်းရရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီလ၂၇ ရက်၊ မနက်ပိုင်းက ခမ၇ ၅၄၂ ဗျူဟာမှူး ဝဏ္ဏအောင်အပါအဝင် စစ်သားအင်အား၂၀ ကျော်က ကျောက်တလုံးဒုက္ခသည်စခန်းသို့ ကားတစ်စီးဖြင့်ရောက်ရှိလာပြီးစခန်းရှိကျန်းမာသန်စွမ်းသည့် အသက် ၁၈ နှစ်မှ ၃၅နှစ်အရွယ်ရှိ အမျိုးသား ၁၀၇ ဦးကို စာရင်းကောက်ယူသွားကာ စစ်သင်တန်းပေးရန်လာခေါ်မည်ဟုပြောဆိုသွားကြောင်း ဒုက္ခသည်တစ်ဦးကပြောသည်။

"မနေ့က မနက်ပိုင်းက စစ်တပ်က စခန်းထဲကိုရောက်လာတာပါ။ စစ်တပ်ဗျူဟာမှူးလည်းပါတယ်။ စစ်သားတွေ ရောက်လာပြီးတော့ အသက်၁၈ နှစ်နဲ့ ၃၅ နှစ်ကြားလူငယ်တွေကိုစာရင်းယူသွားတယ်။အဲဒီလူငယ်တွေကို မနက်ဖြန်မှာ စစ်သင်တန်းပေးဖို့ လာခေါ်မယ်လို့လည်းပြောသွားပါတယ်"ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ယနေ့မနက်ကစာရင်းယူသွားသည်မှာ လူငယ်စုစုပေါင်း ၁၀၇ ဦးဖြစ်ပြီး ၄င်းတို့ကို ဖေဖော်ဝါရီလ ၂၈ ရက်၊ မနက် ရ နာရီအချိန်စစ်သင်တန်းပေးရန် လာခေါ်မည်ဟု ပြောဆိုသွားကြောင်းသိရှိ၇သည်။


စစ်ကောင်စီကစစ်မှုထမ်းရန် အတင်းအကျပ်ဖိအားပေးမှုများကြောင့် အဆိုပါ ကျောက်တလုံးမွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီးငယ်တစ်ဦးအပါအဝင် လူငယ်(၁၀)ဦးခန့်သည်ပြီးခဲ့သည့် ရက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)ထံ ဝင်ရောက် ခိုလှုံသွားခဲ့သည်။ ရက္ခိုင့်တပ်တော်ထံခိုလှုံသွားခဲ့သည်။

မိသားစုဝင်၇ ဦးနှင့် ဒုက္ခသည်စခန်းအတွင်းမှ သတင်းများကိုဖုန်းဆက်ပြီးပေးသည်ဟုဆိုကာ နောက်ထပ်အမျိုးသားနှစ်ဦး စုစုပေါင်း ၉ ဦးကိုလည်းစစ်တပ်ကဖမ်းဆီးခေါ်ယူသွားကြောင်း မျက်မြင်များကနိရဥ္စရာသို့ပြောသည်။

ဖမ်းဆီးခံရသူများ၏နာမည်များကိုနိရဉ္စရာ သတင်းဌာနကရရှိထားသော်လည်း လုံခြုံရေး အခြေအနေအရဖော်ပြနိုင်ခြင်းမရှိပေ။

အလားတူဗျူဟာမှူး ဝဏ္ဏအောင်က AA ထံခိုလှုံသွားသူများကိုပြန်ခေါ်ပေးရန် မိသားစုများကိုအကျပ်ကိုင်ပြောဆိုခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း စခန်းမှဒုက္ခသည်တစ်ဦးကပြောသည်။

ဖေဖော်ဝါရီလ၁ရရက်က၊ ကျောက်တလုံး ဒုက္ခသည်စခန်းအုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်များသည်စခန်းရှိ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ ဒုက္ခသည်အမျိုးသားစာရင်းကိုစာရင်း ကောက်ယူသွားပြီး စစ်မှု ထမ်း၇မည်ဟုလည်း ပြောဆိုခဲ့ကြောင်း ဒုက္ခသည်များက ပြောသည်။

စစ်မှုထမ်းဥပဒေတွင်အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိသာ အကျုံးဝင်သော်လည်း ဒုက္ခသည်စခန်းတွင်မူ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ စာရင်းကောက်ယူသွားကြောင်း သိ၇သည်။

ယင်းအပြင်စစ်တပ်ဘက်က စစ်မှုထမ်းရန် လူ ၁၅၀ ကို တစ်ပတ်အတွင်းပေးရန် ဖိအား ပေးထားသော်လည်း မွတ်ဆလင် ဥပုသ်ရက်ရှိသည့်အတွက် အချိန် ၃ ရက် ထပ်တိုးပေးထားသည်ဟု ဒုက္ခသည်များက ပြောသည်။

စစ်တပ်အရာရှိများကစစ်မှုထမ်းပြီးပါကာ နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ပြောဆိုခဲ့ပြီးလူမပေးလျှင် အားလုံးကို ဖမ်းဆီးမည်ဟုလည်း ခြိမ်းခြောက်ထားသည့်အတွက်အလွန်စိုးရိမ် နေကြ၇ကြောင်း ဒုက္ခသည်များက ပြောသည်။(NN-23)

ဓာတ်ပုံ-  AMP

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.