Preview

စစ်ကောင်စီတပ်က စစ်တွေ ဈေးကြီးထဲကို လက်နက်ကြီးဖြင့် ပစ်၍ ၇ ဦးသေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :3446
ရခိုင် သတင်း

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ရှိ မြို့မဈေးကြီး၊ ကိုးရီးယားဆိပ်ကမ်း၊ ပျံကျတန်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျ၍ လူ ၇ ဦးသေဆုံးသွားပြီး ၃၀ ခန့်ဒဏ်ရာရသွားသည်ဟု သိ၇သည်။

ယနေ့ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်က စစ်တွေပွိုင့်အနီးရှိ စစ်ကောင်စီ ရေတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံးသည် မြို့မဈေးကြီးအနီး၊ ကိုးရီးယားဆိပ်ကမ်းပျံကျဈေး၊ ရန်ပြေမာန်ပြေဘုရား နောက်ဘက်ရှိ ဦးမောင်မောင်သန်း ပွဲရုံတွင် ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ဈေးသည် အမျိုးသမီး တစ်ဦးကပြောသည်။

“ဟင်းသီးဟင်းရွက် ပွဲရုံကို လက်နက်ကြီးကျတာပါ။ ကျမရောင်းနေတဲ့ နားမှာပဲ။ ပွဲရုံပိုင်ရှင်လည်း သေတယ်လို့ ကြားတယ်။ ကျမဆီမှာလည်း ကျည်စ လာစဥ်တယ်။ ဒါကြောင့် ကျမလည်း ထူပူပြီး ထွက်ပြေးလာခဲ့တယ်။ ဒဏ်ရာ၇တာတွေက အများကြီးပဲ။ ဘယ်လောက်လဲ မခန့်မှန်းနိုင်ဘူး။ ပြေးလာလိုက်တာဆိုတော့”ဟုပြောသည်

လက်နက်ကြီးကျည် ကျရောက်ခဲ့သည့်အချိန်မှာ ဈေးတွင် လူများသောအချိန်ဖြစ်သည့်အတွက် သေဆုံးသူနှင့် ဒဏ်ရာ၇သူ များနိုင်သည်ဟုလည်း သူကဆက်ပြောသည်။

လူမှုကူညီရေးဆောင်ရွက်နေသူ တစ်ဦးက လက်ရှိတွင် သေဆုံးသူများနှင့် ဒဏ်ရာရသူများကို စစ်တွေ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး လောလောဆယ် အကြမ်းဖျင်းအားဖြင့် သေဆုံးသူ ရ ဦးအထိနှင့် ဒဏ်ရာ၇သူ ၃၀ ဦးခန့်အထိ ရှိနိုင်ကြောင်း နိရဥ္စရာကိုပြောသည်။

“ခုက ဆေးရုံ OPD မှာပါ။ သေဆုံးသူက ရ ယောက်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ ဒီထက်လည်း ပိုချင်ပိုနိုင်ပါတယ်။ ဒဏ်ရာ၇တာကတော့ အယောက် ၃၀ လောက် ခန့်မှန်းရပါတယ်။ သေဆုံး၊ ဒဏ်ရာရတာကတော့ အရွယ်စုံပါပဲ။ သက်ကြီးပိုင်းတွေရော၊ အသက် ၂၀ ဝန်းကျင်တွေရောပါပါတယ်” ဟုပြောသည်။

အဆိုပါ လက်နက်ကြီး ကျရောက်ခဲ့သည့် ပွဲရုံမှာ ဦးမောင်မောင်သန်း ပိုင်ဆိုင်သည့် ဟင်းသီးဟင်းရွက် ပွဲရုံဖြစ်ပြီး လက်နက်ကြီးကျ၍ သေဆုံးသွားသူများအထဲတွင် ဦးမောင်မောင်သန်းလည်း ပါဝင်သွားခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာ သတင်းဌာန အနေဖြင့် သီးသန့် အတည်မပြုနိုင်သေးပါ။ (NN-3)

အသေးစိတ်အခြေအနေကို နိရဥ္စရာ အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.