Preview

အိန္ဒိယ မီဇိုရမ် လွှတ်တော်အမတ် Valalvena က လမ်းဖောက်လုပ်ရေးကိစ္စ AA တာဝန်ရှိသူများနှင့် နယ်စပ်တွင်တွေ့ဆုံ

ဖေဖော်ဝါရီ ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :8347
ရခိုင် သတင်း

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ  လွှတ်တော်ကိုယ်စားလှယ် Pu Valalvena သည်နယ်စပ် လမ်းဖောက်လုပ်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူများနှင့် နယ်စပ်တွင်တွေ့ဆုံခဲ့သည်ဟု ဒေသခံမီဒီယာ တစ်ခုဖြစ်သည့်  The Lairam Time က ဖော်ပြသည်။

၎င်းလမ်းသည် မြန်မာပြည်နင့် အိန္ဒိယနိုင်ငံကြား ဆက်သွယ်ရေးလမ်းမဖြစ်ပြီ မီဇိုရမ်ပြည်နယ်နှင့်  ပလက်၀မြို့နယ် အကြား ဆက်သွယ်မည့် (KMMTTP) လမ်းဖြစ်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြသည်။

လမ်းကြောင်းဖောက်လုပ်ရေးလုပ်ငန်းကိုအဆိုပါ လွှတ်တော်အမတ်က ကြည့်ရှုခဲ့ပြီး ရက္ခိုင့်တပ်တော်ကလည်းလုံခြုံရေးယူပေးခဲ့ကြောင်း Lai Autonomous District Council ဒေသခံ မီဒီယာ တစ်ခုဖြစ်သောThe Lairam Time ကဖော်ပြသည်။


#အိန္ဒိယ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.