Preview

ရခိုင်ပြည်ရှိ ဘင်္ဂလီများမှာ နိုင်ငံသားမဟုတ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန်စုဆောင်းခြင်းမရှိဟု စစ်ကောင်စီသတင်းစာများတွင် ရေးသားပြီး လက်တွေ့မြေပြင်တွင် အတင်းအဓမ္မစုဆောင်းပြီး စစ်သင်တန်းပေးနေ

မတ် ၀၂/ ၂၀၂၄ | ကြည့်ရှုသူ :6166
ရခိုင် သတင်း

ရခိုင်ပြည်ရှိ မွတ်ဆလင်အသိုင်းအဝိုင်းမှ လူငယ်လူရွယ်များကိုစစ်မှုထမ်းရန် အတင်းစုဆောင်းပြီး သင်တန်းပေးနေသော်လည်း စစ်ကောင်စီပိုင်သတင်းစာတွင်ထိုသို့ စုဆောင်းခြင်းမရှိဘဲ သတင်းမှားများသာဖြစ်ကြောင်း ရေးသားဖော်ပြသည်။

လက်ရှိ စစ်တွေအမြောက်တပ်အမတ (၃၇၃) တွင် မွတ်ဆလင် လူငယ် ၃၁၅ယောက်ကို ဆန်တစ်အိတ်၊ငွေ၅သောင်းစီပီးပြီးသင်တန်းပေးနေသလို ကျောက်ဖြူ ကျောက်တစ်လုံးမွတ်ဆလင် စခန်းမှလည်း အသက် ၁၈ နှစ်မှ ၅၀ အကြားဒုက္ခသည် ၁၁၇ ဦးအား ခေါ်ယူပြီး သင်တန်း ပေးနေကြောင်း သိ၇သည်။

အလားတူ ဘူးသီးတောင်မြို့ စစ်ကောင်စီတပ်နယ်တွင်လည်း အနည်းဆုံးမွတ်ဆလင် လူငယ် ၃၀၀ ကျော်ကို အတင်းဓမ္မစုဆောင်းကာ သင်တန်းပေးသည်ဟု ဒေသခံ မွတ်ဆလင်များကပြောဆိုသည်။

ထိုသို့ သင်တန်းပေးနေသော်လည်း ဖေဖော်ဝါရီ ၂၈ ရက်ထုတ် စစ်ကောင်စီသတင်းစာတွင် “  ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် စုဆောင်းနေသည် ဟူသောသတင်းများ လုံး၀မှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပြောကြားသည်ဟု ဆိုကာ စစ်ကောင်စီက သတင်းဖော်ပြသည်။

အဆိုပါ သတင်းစာထဲတွင် ရခိုင်ပြည်နယ်တွင်ရှိသောဘင်္ဂါလီများအား စစ်မှုထမ်း ရန် SAC က စာရင်းကောက်ယူနေသည်ဆိုသော သတင်းမှာ လုံး၀မှန်ကန်မှုမရှိဘဲလုပ်ကြံဖန်တီး ရေးသားထားခြင်းသာ ဖြစ်ကြောင်းရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူကပြောဆိုကြောင်း၊ 

ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်သည့်The Business Standard ၏ ဝက်ဘ်ဆိုက် သတင်းတစ်ခုတွင်မြန်မာအစိုးရက ဒုက္ခသည်စခန်းများရှိအကန့် အသတ်ခံထားရသည့် ဘင်္ဂါလီများကို လွတ်လပ်စွာ သွားလာခွင့်ပေးမည်ဟုကမ်းလှမ်းပြီး စစ်မှုထမ်းစေရန် လုပ်ဆောင်နေသည်ဟု သတင်းရေးသားထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်သတင်းဌာနအချို့ကတရားမဝင် မြန်မာမီဒီယာအချို့၏ ရေးသားချက်ကို ကိုးကား၍ရေးသားနေကြခြင်းဖြစ်ကြောင်းနှင့် RFA ၏ အခြေ အမြစ်မရှိသောသတင်းကို ကိုးကားရေးသားခြင်း ဖြစ်ကြောင်း သိ၇သည်ဟုလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ “ အဲဒီလိုမျိုးမရှိပါဘူး။ ဘင်္ဂါလီတွေက နိုင်ငံသား လည်းမဟုတ်ဘူး။ ပြီးတော့ စစ်မှုထမ်းဥပဒေကလည်း အခုအချိန်ထိ တိုင်းဒေသကြီး၊ ပြည်နယ်၊ ဦးစီးအဖွဲ့တွေပဲ ဖွဲ့ရသေးတယ်။ခရိုင်၊ မြို့နယ်၊ ရပ်ကျေး စတဲ့အဖွဲ့တွေ အများကြီးဖွဲ့ရဦးမှာ။နည်းဥပဒေလည်း ထုတ်ပြန်ရဦးမှာ။ အဲဒါတွေ လုပ်ရဦးမှာဆိုတော့အခုထွက်နေတဲ့ သတင်းတွေ က မဟုတ်ပါဘူး။ ဒီမှာတော့ အဲဒီလိုတွေမရှိဘူး” ဟု ပြောသည်ဟုလည်း သတင်းတွင် ဆက်လက်ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက်ဒါကာထရီဗျူးသတင်း ဌာနက နယ်စပ်ဒေသရှိ ထောင်နှင့်ချီသောဘင်္ဂါလီ ဒုက္ခသည်များအား လက်ရှိဖြစ်ပွားနေသော တိုက်ပွဲ တွင်ပါဝင်တိုက်ခိုက်ရန် ခေါ်ဆောင်သွားသည် ဟုအတည်မပြုနိုင်သေးသော သတင်းများထွက်ပေါ်နေကြောင်းလည်း မဟုတ်မမှန် ရေးသား ဖော်ပြထားသည်ဟု စစ်ကောင်စီပိုင် သတင်းစာက ရေးသားသည်။

စစ်တွေမြို့ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူကြီးတစ်ဦးကမူစစ်တွေမွတ်ဆလင်ဒေသခံများအနေဖြင့် စစ်မှုထမ်းရန်စုဆောင်းနေ၍ လူတိုင်းစိုးရိမ်နေကြရကြောင်း၊စစ်တပ်က စစ်မှုထမ်းရန် စာရင်းကောက်ယူမှုများရှိနေသလို လက်ရှိလည်း သင်တန်းတက်နေကြ၇သူ၃၀၀ ကျော်အထိရှိသည်ဟု ပြောကြားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.