အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀)ကို AA သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 7k

စစ်တွေမြို့နှင့် နီးကပ်စွာတည်ရှိသည့် ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀)ကို ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ် နေသည်။

ရက္ခိုင့်တပ်တော်နှင့် နီးစပ်သည့် သတင်းရင်းမြစ် နှစ်ခုက ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀)ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုသည်။

“ သိမ်းပိုက်လိုက်တာက သေချာပါတယ်။ နှစ်ဘက် အထိအခိုက်တွေလည်းများတယ်လို့ ကြားရပါတယ်” ဟု ပြောဆိုသည်။

ရက္ခိုင့်တပ်တော်၏ မတ် ၂ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် "ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား အရှိန်မြှင့်လျက်ရှိသည်ဟု ဖော်ပြသည်။

စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ ခုခံစစ်ဖြင့် ၎င်းစခန်းမကျရှုံးစေရေးအတွက် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်ဟု ဆိုသည်။

အလားတူ ရမ်းဗြဲမြို့အားလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ဖုန်းဆက်သွယ်ရာတွင်လည်း အဆင်မပြေဖြစ်သဖြင့် အတည်ပြုရန် ခက်ခဲနေဆဲဖြစ်ပါသည်။

မောင်တောမြို့နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်မချသည့်  “ရန်အောင်ပြင်စခန်း” ကို ရက္ခိုင့်တပ်တော်မှ အပြင်းအထန် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပုံစာ- စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်းသို့ စစ်ကူလာသည့် စစ်ကောင်စီ သံချပ်ကာ (၂) စီးကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်က တိုက်ခိုက်ဖျက်ဆီးခဲ့သည့်ပုံ/ AA Info Desk

ဆက်စပ် သတင်းများ