Preview

မောင်တော ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ပိတ်လိုက်ပြီး ဝန်ထမ်းများကို ဆေးရုံမှထွက်သွားခိုင်း

မတ် ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :11171
ရခိုင် သတင်း

၇ခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို စစ်စခန်းလုပ်ရန်အတွက်  ယနေ့တွင် အပြီးသတ် ပိတ်လိုက်ပြီဖြစ်ကာ  ဝန်ထမ်းများကို စစ်တွေကို သွားရန် အတင်းဖိအား ပေးနေကြောင်း သိ၇သည်။

ယနေ့ မတ်လ ရက်တွင် မောင်တောမြို့ ပြည်သူ့ဆေးရုံကြီးကို ပိတ်လိုက်ပြီး မနက်ဖြန်တွင် ဝန်ထမ်းများကို စစ်တွေသို့သွားရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ကျန်းမာရေးဝန်ထမ်းများက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

ဝန်ထမ်းတွေကို စစ်တွေကို အင်္ဂါနေ့သွားခိုင်းထားတယ်။ ပြီးတော့ ဆေးရုံက ဝန်ထမ်းတွေကို ပစ္စည်းတွေယူခိုင်းပြီး ဆေးရုံမှာ မနေခိုင်းတော့ဘူး။ ဆေးရုံမှာရှိတဲ့ လူနာတွေကိုလည်း မနေ့ကတည်းက ဆင်းခိုင်းလိုက်ပြီ။ ဒီနေ့မှာ ဆေးရုံကို ပိတ်လိုက်တယ်။ ဘယ်လူနာလာလာ လက်မခံတော့ဘူးဟုပြောသည်။

ကျန်းမာရေးဝန်ထမ်းများကို မနက်ဖြန် မတ်လ ရက် အင်္ဂါနေ့တွင် စစ်တွေသို့ သွား၇မည်ဖြစ်ပြီး မိသားစုနှင့်ဖြစ်၍ စစ်တွေကို မလိုက်နိုင်ပါက မိသားစုများကိုပါ ခေါ်သွားနိုင်သည်ဟု မောင်တောဆေးရုံအုပ် ဒေါက်တာနုကေသီစံက ပြောခဲ့သည်ဟု ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

ဆေးရုံအုပ်ကို စစ်တပ်က ခေါ်ပြီးတော့ ကုသရေးပိုင်းက ဝန်ထမ်းတွေကို စစ်တွေကိုသွားခိုင်းတယ်လို့ ပြောတယ်။  သူက ဝန်ထမ်းတွေကို လာပြောပြတယ်။ ကျမတို့က မိသားစုနဲ့မို့ မလိုက်နိုင်ဘူးဆိုလို့ မ၇ဘူး။ မိသားစုပါ ခေါ်လာခဲ့ပြောတယ်။ စစ်တွေရောက်ရင် ဘာလုပ်၇မယ်လည်း မပြောဘူး။ လစာရမ၇ကို ထားအုံး၊ ဘယ်က ခေါ်လည်းတောင် မပြောဘူး။ ဒီတော့ ကျနော်တို့ ဘာကို ယုံကြည်ပြီး လိုက်၇မှာလဲဟုပြောသည်။

ယမန်နေ့ဆိုလျှင် ကလေးခွဲစိတ် မွေးဖွားရန် မောင်တောဆေးရုံသို့ရောက်လာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး နှစ်ဦးမှာလည်း ဆေးရုံတွင် ဝန်ထမ်းများမရှိခြင်းနှင့် ဆေးရုံပိတ်လိုက်ပြီဖြစ်သည့်အတွက် ကလေးမွေးဖွားခွင့် မ၇ဘဲအိမ်ပြန်သွားခဲ့၇သည်ဟု မောင်တောဆေးရုံနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထို့အပြင် မောင်တောမြို့ရှိ ပြင်ပ ပုဂ္ဂလိကဆေးခန်းများကိုပါ စစ်ကောင်စီမှ ပိတ်ခိုင်းထားသည့် အတွက် မောင်တောမြို့ခံများမှာ ဆေးကုသခွင့်မ၇၍ လွန်စွာ အခက်အခဲဖြစ်နေကြကြောင်း မောင်တော မြို့ခံတစ်ဦးက ပြောသည်။

လောလောလတ်လတ်ဆိုရင် မနေ့က ကိုယ်ဝန်ဆောင် နှစ်ယောက် ကလေး ခွဲစိတ် မွေးဖွားဖို့ လာတာတောင်မှ ကလေးမမွေးခဲ့၇ဘူးတဲ့။ အခုက ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း သွားလို့မ၇ဘူး။ လမ်းကြောင်းတွေပိတ်နေတယ်။ မောင်တောမှာ ဆေးရုံ၊ ဆေးခန်းတွေ မရှိဘူးဆိုရင် အသည်းတပြင်းဖြစ်လာရင် သေဖို့ပဲ ရှိတော့တယ်။ မူဆလင်ရော၊ ရခိုင်ရော အကုန်လုံး သေဖို့ ထိုင်စောင့်နေရုံပဲ ရှိတော့တယ်။ ဒါကြောင့် မြို့ခံတွေ အရမ်း စိုးရိမ်နေကြပါတယ်ဟု ပြောသည်။

ထို့သို့ မောင်တောဆေးရုံကို ပိတ်ကာ ဝန်ထမ်းများကို စစ်တွေကို သွားခိုင်းထားသော်လည်း ဝန်ထမ်းများမှာ မသွားချင်ကြဟု နိရဥ္စရာကို ပြောကြသည်။

လက်ရှိ မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး  စစ်ကောင်စီ၏ စခန်းအမြောက်အမြားကိုလည်း အေအေမှ သိမ်းပိုက်ထားပြီဖြစ်ကာ မကြာမီရက်ပိုင်းတွင် မောင်တောမြို့ပေါ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့်အတွက် မောင်တောဆေးရုံတွင် စစ်ကောင်စီက တပ်စွဲချင်၍ ဆေးရုံကို ပိတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ဆေးရုံဝန်ထမ်းများက ခန့်မှန်းကြသည်။

အဆိုကိစ္စနှင့် ပတ်သက်၍ မောင်တောဆေးရုံအုပ် ဒေါက်တာ နုကေသီစံကို နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မ၇ခဲ့ပါ။



#စစ်ကောင်စီ#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.