Preview

မွေးနေ့အထိမ်းအမှတ်အဖြစ် ပုဏ္ဏားကျွန်းမြို့ကို လက်ဆောင်ယူလာပေး၍ အာရက္ခစစ်သည်တော်များကို ကျေးဇူးတင်ကြောင်း ဒေါက်တာညိုထွန်းအောင်ပြောဆို

မတ် ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :6658
ရခိုင် သတင်း

မတ်လ ၄ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပုဏ္ဏားကျွန်းမြို့ကို လက်ဆောင်ယူလာပေး၍ အာရက္ခစစ်သည်တော်များကို ကျေးဇူးတင်ကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောဆိုလိုက်သည်။

၄င်း၏ Facebookလူမှုကွန်ရက်စာမျက်နှာတွင် "ပုဏ္ဏားကျွန်းမြို့ နဲ့ အကြီးကြီးတွေကို လက်ဆောင် ယူလာပေးတဲ့ အာရက္ခစစ်သည်တော်တွေနဲ့ ကြီးကြပ်တဲ့ စစ်ဒေသမှူး၊ အဆင့်ဆင့်တပ်မှူးတွေအားလုံးကို ကျေးဇူးတင်တယ်"ဟု ရေးသားထားသည်။

ရက္ခိုင့်တပ်တော် (AA)၏ ဒုစစ်ဦးစီးချုပ် မွေးနေ့ မတ် ၄ ရက်နေ့တွင်ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ခဲ့သည်။

ယင်းအပြင် တိုက်ပွဲအတွင်းအသက်၊ ခန္ဓာကို ပေးဆပ်ခဲ့ကြရသည့် စစ်သည်များအား ဦးညွှတ်ဂါ၇၀ ပြုသည်ဟုလည်း ဆိုထားသည်။

"အသက်၊ ခန္ဓာကို ပေးဆပ်စွန့်လွှတ်ခဲ့ကြရတဲ့ စစ်သည်တော်တွေကိုလည်း ဦးညွှတ်ဂါ၇၀ပြုပါတယ်။"


ပုဏ္ဏားကျွန်းမြို့သည် စစ်တွေမြို့မှ (၂၁) မိုင်အကွာတွင်တည်ရှိသော မြို့ဖြစ်ပြီး ကုလားတန်မြစ်ကမ်းဘေးတွင် တည်ရှိသည်။

ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကို သိမ်းပိုက်လိုက်ပြီဟု ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်  အေအေက ထုတ်ပြန်ခဲ့ပြီးနောက် ခမ၇ (၅၅၀) ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

"ခမ၇ (၅၅၀)" အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အားအရှိန်မြှင့်လျက်ရှိပြီး စစ်ကောင်စီမှလည်း ကြည်း၊ ရေ၊ လေ ခုခံစစ်ဖြင့် ၎င်းတပ်ရင်း မကျရှုံးစေရေးအတွက် အသည်းအသန် ခုခံကာကွယ်လျက် ရှိသည်ဟု ရက္ခိုင့်တပ်တော်မှ မတ်လ၃ ရက်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည်  ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ တစ်ခုတည်းသော တပ်ရင်း  ခမ၇ (၅၅၀)ကို အေအေလက်ထဲ  မကျစေရန်အတွက် ကြည်း၊ ရေ၊ လေအင်အားသုံးပြီး အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း  ရက္ခိုင့်တပ်တော်ကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ၃ လကျော် တိုက်ပွဲကာလအတွင်း ပလက်၀၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စသည့် မြို့ကြီး(ရ)မြို့ နှင့် တပ်ရင်း၊ တပ်မ ၂၁၆ ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။ (NN-7)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.