Preview

သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များတွင် လေကြောင်းအချက်ပေးစနစ်များတပ်ဆင်နိုင်ရန် အစီစဥ်ဆွဲနေဟု AA ပြော

မတ် ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :5427
ရခိုင် သတင်း

ရက္ခိုင့်တပ်တော် (AA) ကသိမ်းပိုက်ထိန်းချုပ်ထားပြီးသားမြို့နှင့်ဒေသများကို စစ်ကောင်စီကအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နိုင်နေဆဲဖြစ်၍လေကြောင်းအချက်ပြစနစ်များတပ်ဆင်နိုင်ရန် အစီစဥ်များပြုလုပ်နေကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။

သိမ်းပိုက်ထားသည့်မြို့နှင့်ဒေသများတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊စားဝတ်နေရေးနှင့်လုံခြုံရေး အတွက် ရက္ခိုင့်တပ်တော်ဘက်ကမည်သို့ဆောင်ရွက်နေသလဲဟုသတင်းထောက်၏ မေးမြန်းမှုနှင့်ပတ်သက်၍ဦးခိုင်သုခက ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ပလက်၀မှာဆိုလို့ရှိရင်လည်းသူတို့ဟာ တချို့စစ်ရှောင်တွေနေတဲ့ရွာတွေကိုလာပြီးတော့ ပစ်နေတယ်။ ရခိုင်မှာဆိုရင်လည်းမကြာခင်ရက်တွေက မင်းဖူးဆေးရုံကိုလာပစ်သွားတာတွေ။နောက်ပြီးတော့ သေကန်ရွာကိုလာပစ်သွားတာတွေ။ အဲဒီလိုသူတို့ဟာပစ်ချင်တဲ့အချိန်မှာ ညနက်သန်းခေါင်လာပြီးတော့ပြည်သူတွေအိပ်နေတဲ့အချိန်မှာ ဒါရည်ရွယ်ချက်ရှိရှိနဲ့လာပြီးတော့ပစ်နေကြတာရှိပါတယ်။ ဆိုတော့ အဲဒီလိုအန္တရာယ်တွေလည်းရှိနေပါတယ်။ အဲဒါတွေကိုကာကွယ်နိုင်ဖို့အတွက်လည်းလေကြောင်း အချက်ပေးစနစ်တွေ ဘယ်လိုတပ်ဆင်နိုင်မလဲဆိုတဲ့ကိစ္စတွေကို ကျွန်တော်တို့ ဘက်က စီစဥ်ဆောင်ရွက်နေတာရှိတယ်ဆိုတာကို ဖြည့်စွက်ပြီးရှင်းပြလိုပါတယ်" ဟု ဦးခိုင်သုခကပြောသည်။


ရက္ခိုင့်တပ်တော်သိမ်းပိုက်ထိန်းချုပ်ပြီးသားမြို့များသို့ ရေကြောင်းနှင့်ကုန်းကြောင်းကမဝင်ရောက် လာနိုင်ရန်ပိတ်ဆို့ထားနိုင်သော်လည်း လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်မှုများကို စစ်ကောင်စီကအချိန်မရွေးပြလုပ်နေနိုင်ဆဲဖြစ်ကြောင်းဦးခိုင်သုခကဆက်ပြောသည်။

"ကျွန်တော်တို့သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေမှာကျွန်တော်တို့ အလုံးစုံ သိမ်းပိုက် ထိန်းချုပ်ထားတယ်ဆိုလည်းရန်သူကနေပြီးတော့ ကုန်းလမ်းလည်းလာလို့မရ။ရေလမ်းကလည်း လာလို့မရ။ ဒါပေမယ့်လေကြောင်းကတော့ လာလို့ရနေပါတယ်။လေကြောင်းကနေကျွန်တော်တို့ကို လာပြီးတော့ဘယ်အချိန်မဆို လာပစ်နိုင်တဲ့အခြေအနေပါ။ အဲဒါကြောင့်သူတို့ဘက်ကလေကြောင်းကနေပြီးတော့ ဘယ်အချိန်မဆိုလာပြီးတော့အရပ်ဖက် ပစ်မှတ်တွေကို လာပစ်နေပါတယ်။" ဟု ပြောသည်။

AA သိမ်းပိုက်ထားသည့် မြို့နှင့်ဒေသများတွင် ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ရက္ခိုင့်တပ်တော် ဆေးတပ်ဖွဲ့က ရှိသည့်ဆေးဝါးများဖြင့်အကောင်းဆုံးကုသပေးခြင်း၊ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် တစ်ရွာဝင် တစ်ရွာထွက် အသိပညာပေးဟောပြောခြင်းများတောက်လျှောက်ပြုလုပ်နေကြောင်းလည်း ဦးခိုင်သုခကပြောသည်။(NN-23)

#လေကြောင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.