အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီက ဗုံးကြဲမှုကြောင့် ကျေးရွာတချို့မီးလောင်၊ တံတားအချို့ပျက်စီး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

( ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကိုလည်း ဗုံးကြဲပြီးလာရောက်ဖျက်ဆီးနေ)

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နှင့် ကျေးရွာအချို့ကို စစ်ကောင်စီက ယနေ့ညနေက ဗုံးကြဲမှုကြောင့် ကျေးရွာတချို့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တံတားအချို့လည်း ပျက်စီးမှု ရှိခဲ့ကြောင်း သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ် မင်းကန်ရွာနှင့် တန်းစွယ်ရွာကို ယနေ့မတ်လ ၄ ရက်နေ့ ညနေ ၃နာရီခန့်က စစ်ကောင်စီ၏ လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲမှုကြောင့် မီးလောင်မှုများရှိခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

ညနေ ၃နာရီကတစ်ကြိမ် Y-12ထင်တယ် လာကြဲတာ။ မင်းကန်နဲ့ တန်းခိုရွာ မီးလောင်နေတာကို မြင်နေရတယ်။ အခု ၅နာရီခွဲလောက်မှာလည်း နေဗီကပစ်နေတယ် " ဟု ၎င်းက ပြောသည်။

ယင်းအပြင် ယနေ့ ညနေ ၅နာရီ ကျော်ခန့်တွင်လည်း Y-12ဖြင့် ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းကို ရည်ရွယ်ချက်ရှိရှိလာရောက်ဗုံးကြဲဖျက်ဆီးခဲ့ပြီး ၅နာရီ ၄၅မိနစ်ခန့်တွင် လည်း   စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့ကို ဗုံးကြဲခဲ့သည်ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းဖက်ကိုလည်းဗုံးလာကြဲတယ်။အပျက်စီးမသိရသေးဘူး။ အခု မြို့ကိုလဲကြဲနေတယ်" ဟုပြောသည်။




ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိထားသည်ကို ရက္ခိုင့်တပ်တော် ၏ ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ ဆိုရှယ်မီဒီယာ အကောင့်တွင် ရေးသားထားသည်။

" ပုဏ္ဏားကျွန်းမြို့ နဲ့ အကြီးဆုံးအရာ‌တွေကို လက်ဆောင်ယူပေးကြတဲ့  အာရက္ခစစ်သည်တော်တွေနဲ့ ကြီးကြပ်ရေ စစ်ဒေသမှူး၊ အဆင့်ဆင့်တပ်မှူး  တွေအားလုံးကိုကျေးဇူးတင်ပါတယ် ။ အသက်၊ ခန္ဓာ ပီးဆပ်စွန့်လွှတ်သွားတဲ့ စစ်သည်တော် တွေကိုလေ့ ဦးညွတ်ဂါရဝပြုပါတယ်" ဟုရေးသားထားသည်။

စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်းသို့ စစ်ကူလာသည့် စစ်ကောင်စီ သံချပ်ကာ (၂) စီးကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်က တိုက်ခိုက်ဖျက်ဆီးခဲ့နိုင်ခဲ့ကြောင်းကို ရက္ခိုင့်တပ်တော် (AA)မှ ရုပ်သံနှင့်တကွ ဖော်ထုတ်ပြခဲ့သည်။(NN-11) 

ပုံစာ- မတ် ၄ ရက်နေ့က ဗုံးကြဲခံရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ တံတားတစ်စင်း။

ဆက်စပ် သတင်းများ