ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မင်းပြားတွင် အမျိုးသမီးငယ်တစ်ဦးကိုအား မုဒိမ်းကျင့်ပြီး သားမိနှစ်ဦးစလုံးကို သတ်ဖြတ်ပစ်ခဲ့သည့်​ စစ်ကောင်စီတပ်သားများအားလုံး အသေဆိုးဖြင့် သေဆုံးခဲ့ကြရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2k

(ရခိုင်စစ်မျက်နှာမှ ကြောက်မက်ဖွယ်ရာဖြစ်ရပ်ဆိုး)

ရခိုင်ပြည်၊ မင်းပြားမြို့နယ် င/တန်ပျင်ကျေးရွာတွင် သမီးဖြစ်သူကို စစ်သား ၅ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီးနောက် သားအမိနှစ်ဦးစလုံးအား ရက်စက်စွာ သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြသည့်  စစ်ကောင်စီတပ်သားများမှာ အသေဆိုးဖြင့် သေဆုံးခဲ့ကြရသည်ဟု ကိုယ်တိုင် ကျူးလွန်ရာတွင် ပါဝင်သူ  တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းမှ စ်ကောင်စီ တပ်သား ကိုကိုအောင်က ဝန်ခံထွက်ဆိုချက်တွင် ပြောဆိုထားပါသည်။

ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားရာတွင် ၎င်းမိန်းခလေးငယ်အား မုဒိမ်းစတင်ကျင့်သူ ရာကြီးကျော်မင်းဦးမှာ နဖူးကို စနိုက်ပါ တစ်ချက်မှန်ပြီး ၎င်းနေရာတွင် ကျဆုံးသွားခဲ့ကြောင်း၊ ဒုတပ်ကြပ် သူရနိုင်မှာ ဆီးခုံမှန်ပြီးတော့ တိုက်ပွဲ ကျသွားခဲ့ကြောင်း၊  တပ်သား ချစ်လွန်းမှာ ားထင်ပွင့်ပြီး တိုက်ပွဲကျသွားခဲ့ကြောင်း၊  နောက်ထပ် ကိုမျိုးအောင်ကတော့ လည်ပင်းပေါက်ပြီး ကျသွားခဲ့ကြောင်း၊  ဗိုလ်ကြီးနေလင်းကျော်မှာ တစ်ကိုယ်လုံးမီးလောင်ပြီးတော့ ၅၄၁ တပ်ရင်းမှာပဲ သေဆုံးသွားခဲ့သည်ဟု ၎င်းပြောဆိုသည်။

အဆိုပါမိန်းခလေးငယ်အား  နောက်ဆုံးမုဒိမ်းကျင့်ခဲ့သူခမရ (၂၀၅) မှ တပ်သားကိုကိုအောင်၊ ကိုယ်ပိုင်အမှတ်-တတ/၁၂၅၉၄၀ မှာလည်းရက္ခိုင့်တပ်တော်၏ ဖမ်းဆီးခံခဲ့ရပြီး ဖြစ်စဉ်ကို ယခုလို ဝန်ခံဖြောင့်ချက်ပေးထားသည်။

ကျနော်က တပ်သားကိုကိုအောင် ကိုယ်ပိုင်အမှတ်-တတ/၁၂၅၉၄၀ ခမရ (၂၀၅)မှာ တာဝန် ထမ်းဆောင်ပါတယ်။ ၁လပိုင်း၁၆ရက်နေ့ ၂၀၂၄မှာ မင်းပြားကိုရောက်ပါတယ်။ရောက်ပြီးတော့ /တန်းပျင်း ရွာထဲကို သက် (၅၀)ကျော်လူကြီးတစ်ယောက်ကိုတွေ့ပါတယ်။ မသတ်ဘဲနဲ့ ရှေ့ဆက်သွားပါတယ်။သွားတဲ့ချိန်မှာ စစ်ကြောင်းထဲကနေပြီးတော့  အဲဒီ အသက် (၅၀)ကျော်ဦးလေးကြီးတစ်ယောက်ကို သတ်လိုက်တဲ့အသံကြားပါတယ်ဟု ၎င်းက ပြောသည်။

၎င်းနောက်ပိုင်းမှာ အမျိုးသမီးငယ် တစ်ဦးနှင့် သူမ၏ မိခင်ဖြစ်သူအားတွေ့ရှိပြီး အမျိုးသမီးငယ်အား အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး မိခင်နှင့် ၎င်းမိန်းခလေးငယ်အား ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့သည်။

 ရွာထဲမှာ အန်တီကြီးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ကို တွေ့ပါတယ်။ ပြီးသွားတဲ့အချိန်မှာ ဗိုလ်ကြီးနေလင်းကျော်ကခေါ်ပါတယ်။ခေါ်ပြီးတော့ကောင်မလေးကို ဒူးထောက်ပြီးတော့ ထားပါတယ်။ ထားတဲ့အချိန်မှာ ကောင်မလေးကိုရိုက်ပြီးမေးပါတယ်။ ကောင်မလေးက ငိုယိုပြီး ပြောဆိုပါတယ်။ ကျမကို ဘာမှ မလုပ်ပါနဲ့မလုပ်ပါနဲ ဆိုပြီး ိုပြီးပြောပြီးပါတယ်။ သူမရဲ့မျက်နှာကို ပုဝါစည်းပြီး ကောင်မလေးကို အထဲကိုခေါ်သွားပါတယ်။ ဆရာကြီးကျော်မင်းဦးကစပြီးတော့ မုဒိန်းကျင့်ပါတယ်။ ကျင့်ပြီးတော့ ဒုတပ်ကြပ် သူရနိုင်ကျင့်ပါတယ်။ပြီးတော့ တပ်သားသစ် ချစ်လွန်းကနေကျင့်ပါတယ်။ ပြီးတော့ နောက်ထပ်တပ်သားသစ် မျိုးအောင်ကနေ ကျင့်ပါတယ်။ ပြီးတော့တပ်သားသစ် ကျနော် ကိုကိုအောင်ကနေ နောက်‌ဆုံးမှာကျင့်ပါတယ်ဟု ပြောဆိုသည်

၎င်းနောက် အဆိုပါ မိန်းခလေးငယ်အား အပြင်ဆိုဆွဲထုတ်လာပြီး သတ်ဖြတ်ပစ်ခဲ့ပုံကိုလည်း ယခုလို ပြောကြားသည်

ကောင်မလေးကိုဆွဲထုတ်ပြီး အပြင်ဖက်ကိုထားတဲ့အချိန်မှာ ဆရာကြီးကျော်မျိုးဦးကနေပြီးတော့ အဲ့အန်တီကြီးကို  ကျည်နှစ်ချက် နဖူးကိုပစ်လိုက်ပါတယ်။ အဲ့ကောင်မလေးကို ဘယ်ဘက် င်ဖက်ကိုသေနတ်နဲ့ တစ်ချက်ပစ်လိုက်ပါတယ်။ ပစ်လိုက်ပြီးတော့ မသေဘဲနဲ့  ဆရာ သူရနိုင်က ၆ လက်မဓားနဲ့ လည်ပင်းကိုလှီးလိုက်ပါတယ်။ လှီးတဲ့အချိန်မှာ သူတို့ ၂ ယောက်သေသွားတဲ့အချိန်မှာ ဆရာကြီးကျော်မျိုးဦးကနေပြီးတော့ သတင်းပို့လိုက်ပါတယ်။ သတင်းပို့ပြီးတော့ သူတို့ကို အမိန့်ပေးပါတယ်။ သူတို့ ၂ယောက်ကို ဒီအတိုင်းထားခဲ့ပြီးတော့ ပြောဆိုပါတယ်။ ပြော‌ဆိုပြီးတော့သူတို့ကို ထားခဲ့ပြီးတော့ စစ်တိုက်သွားပါတယ်ဟု ဆက်လက်ပြောဆိုသည်။

၎င်းနောက်ပိုင်း ၎င်းစစ်ကြောင်းသည် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မုဒိမ်းကျင့် သတ်ဖြတ်ရာတွင် ပါဝင်သူများမှာ အသေဆိုးဖြင့် သေဆုံးသွားခဲ့ကြသည်ဟု ပြောဆိုသည်။

စစ်တိုက်ဖို့ သွားတဲ့ချိန်မှာဆရာကြီးကျော်မင်းဦးက နဖူးကို စနှိုက်ပါတစ်ချက် မှန်ပါတယ်။ အဲ့ဒီမှာနေပြီးတော့ ကျဆုံးသွားပါတယ်။ ဒုတပ်ကြပ် သူရနိုင် ကတော့ ဆီးခုံကို မှန်ပြီးတော့ တိုက်ပွဲကျသွားပါတယ်။ ချစ်လွန်းက နားထင်ပွင့်ပြီးတိုက်ပွဲကျသွားပါတယ်။ နောက်ထပ် ကိုမျိုးအောင် ကတော့ ကျည်က လည်ပင်းပေါက်ပြီး ကျသွားပါတယ်။ ဗိုလ်ကြီး နေလင်းကျော်ကတော့ တစ်ကိုယ်လုံး မီးလောင်ပြီးတော့ ၅၄၁တပ်ရင်းမှာပဲကျသွားပါတယ်။ နောက်ဆုံးတော့ ကျွန်တော် တစ်ောက်ပဲကျန်နေခဲ့ပါတယ်"ဟု ဝန်ခံထွက်ဆိုခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် သီတင်းသုံးနေသည့် အရှင်ကုလသလက ယခုလို သုံးသပ်ပြောဆိုသည်။

 အဓိကအားဖြင့် နိုင်ငံရေးဘက်သုံးသပ်ကြည့်မယ်ဆိုရင်တော့ ရခိုင်လူမျိုးတွေအပေါ်မှာ သူတို့က ရက်စက်ပြတာပေါ့လေ။ မြန်မာစစ်တပ်ရဲ့ ဒီလိုမျိုးလုပ်ရပ်က လက်မခံနိုင်စရာ ရက်စက် ကြမ်းကြုတ်မှုတွေဖြစ်ပါတယ်။ တွေးကြည့်ရင်တော့ အသိပညာခေါင်းပါးလို့၊ ပညာ အမြော်အမြင် နည်းလို့ ခုလို မျိုးလုပ်ရဲတာပေါ့။ ဘာသာရေး တရားသဘောဘက်ကကြည့်ရင်တော့ ဒီလုပ်မျိုး မလုပ်သင့် မလုပ်ထိုက် လုပ်ရပ်မျိုးတွေကို ကျူးလွန်လို့ ချက်ချင်းဝဋ်လိုက်ပြီး အသေဆိုးနဲ့ သေသွားကြတယ်လို့ ပြောလို့ ရပါတယ်။ နေ့မကူးပါဘူး။ ချက်ချင်း ဝဋ်ကြွေးဆိုးကို ခံရတယ်လို့ မြင်ပါတယ်ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ရခိုင်ပြည်တွင် တိုက်ပွဲတိုင်းတွင် ရှုံးနေသဖြင့်  အရပ်သားပြည်သူများ အပေါ်  လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်နေပြီး တစ်ခြားတစ်ဖက်တွင်လည်း လူထုဆန့်ကျင်ရေးကို ပြုလုပ်နေသဖြင့်တိုက်ပွဲတိုင်းတွင် အရှုံးနှင့်သာ ရင်ဆိုင်နေကြရသည်ဟု သိရသည်။ ( NN-11)

ဆက်စပ် သတင်းများ