Preview

၇ခိုင်နှင့်ပလက်၀ ခန့်မှန်းခြေ အိုးအိမ်စွန့်ခွာ၇သူ ၁၄၈,၅၀၀ ခန့် ရှိ

မတ် ၀၇/ ၂၀၂၄ | ကြည့်ရှုသူ :415
ရခိုင် သတင်း

စစ်တွေဈေးကြီး လက်နက်ကြီးကျည်ကျ၍အရပ်သားပြည်သူ ၂၁ ဦးသေဆုံး၊ ၃၀ ဦးဒဏ်ရာရရှိခဲ့

ရက္ခိုင့်တပ်တော် မြို့တော်စစ်တွေနဲ့ ပိုမိုနီးကပ်စွာချဥ်းကပ်လာနေပြီဖြစ်ကြောင်း UN OCHA ထုတ်ပြန်

နိရဉ္စရာ၊ မတ် ၇/ ၂၀၂၄

United Nations OCHA Myanmar က မတ်လ ၆ရက်နေ့ ၌  အာရှနှင့်ပစိဖိတ်ဒေသ- အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ်ကို ထုတ်ပြန်ရာတွင် ရခိုင် လက်ရှိ အခြေအနေများနှင့်ပတ်သက်ပြီးလည်းထည့်သွင်းထုတ်ပြန်လာသည်။

၎င်းထုတ်ပြန်ချက် အကျဉ်းချုပ်မှာ ၂ရဖေဖော်ဝါရီ - ၄ မတ် ၂၀၂၄ ရက်နေ့အထိဖြစ်သည်ဟုသိ၇သည်။

ထုတ်ပြန်ချက်အထဲတွင် “ယခင်အလွတ်သဘောအပစ်အခတ်ရပ်စဲရေးက ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင် ပျက်ပြယ်ပြီးကတည်းက၇ခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွေမှာ ခန့်မှန်းခြေအိုးအိမ်စွန့်ခွါ၇သူ ၁၄၈,၅၀၀ခန့် ရှိနေပါတယ်” ဟု ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင်  လူပေါင်း ၂ ဒသမ ရ သန်းကျော်အိုးအိမ်စွန့်ခွါထွက်ပြေးနေကြ၇ဆဲ ဖြစ်သည်ဟု ဖော်ပြသည်။

၎င်းပြင် ဖေဖော်ဝါရီ ၂၉ရက်နေ့က စစ်ကောင်စီ၏ လက်နက်ကြီးကျည် စစ်တွေမြို့လယ်ဈေးတွင် ကျရောက်ပေါက်ကွဲ၍ သေဆုံးဒဏ်ရရှိမှုအခြေအနေကိုလည်း ယခုလို ဖော်ပြထားသည်။

“ ဖေဖော်ဝါရီလ(၂၉)ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ်ဈေးကြီးအတွင်းကို လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အနည်းဆုံး အရပ်သားပြည်သူ၂၁ ဦးသေဆုံးခဲ့သလို ၃၀ ကျော်ဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့ပါတယ်။”

ရက္ခိုင့်တပ်တော်မှာလည်းပြည်နယ်မြို့တော် စစ်တွေနှင့် ပိုမိုနီးကပ်စွာ ချဥ်းကပ်လာနေပြီ ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ရှိမြို့နယ်အများအပြားတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု အပါအဝင် လက်နက်ကိုင် တိုက်ပွဲများ  ဆက်လက်ဖြစ်ပွားနေသောကြောင့် ဘေးဒဏ်သင့် ဒေသခံများ အနေဖြင့်  စိုးရိမ်ကြောင့်ကြမှုနှင့် ဖိစီးမှုများ တိုးပွားလာနေကြောင်း၊ ဖေဖော်ဝါရီလ နှောင်းပိုင်းကတည်းက စတင်ပြီး စစ်တွေမြို့အခြေစိုက်တပ်မတော်စခန်းများမှ လက်နက်ကြီးကျည် တိုးမြှင့်ပစ်ခတ်လာမှုများ ရှိနေကြောင်းဖြင့်လည်း ဖော်ပြထားသည်။ ( NN-20and 23)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.