ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မင်းပြား တိုင်းဗဟို(၉) မှထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၁၂ ဦးကို ရက္ခိုင့်တပ်တော် လက်ရဖမ်းဆီးမိ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 6.5k

င်းပြားမြို့နယ်၊တိုင်းဗဟို(၉)သင်တန်းကျောင်းကို တိုက်ခိုက်သိမ်းပိုက်စဉ် လက်နက်မချဘဲ ထွက်ပြေးသွားခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့များအထဲက၁၂ ဦးကို ရက္ခိုင့်တပ်တော် (AA)က လက်ရဖမ်းဆီးမိသည်ဟုသတင်းရရှိသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးအထဲတွင်  ရှိုင်းဝေယံဦး(တပ်ကြပ်ကြီး/တ-၄၉၂၀၁၇)၊ ဇော်အောင်(တပ်ကြပ်ကြီး/တ-၁၆၉၁၇၁)၊ မောင်ပုချေ(တပ်ကြပ်ကြီး/တ-၁၉၂၆၀၃)၊ မြတ်သူ (ရဲတပ်သား/လ-၂၄၅၉၉၂)၊ ရဲနိုင်ဝင်း(တပ်သား/တ-၄၇၆၃၉၈)၊ ကောင်းမြတ်ထက် (ရဲတပ်သား/လ-၂၄၉၇၆၅)၊ စောဆာဖလူမူး(တပ်သား/တ-၅၄၁၈၆၅) တို့ ပါဝင်သည်ဟု အေအေနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

၎င်းစစ်သားများကို မြေပုံမြို့နယ်အထဲတွင်  ဖမ်းဆီးရမိခဲ့သည်ဟု  ကျေးရွာသားတစ်ဦးက ယခုကဲ့သို့ပြောပြသည်။

"မနက်ပိုင်းမှာ  +++ ရွာကအရပ်သား ပြည်သူတွေ တောင်ကို ထင်းရှာ၊ ဟင်းခူးသွားကြတော့ (တိုင်းဗဟို၉) က ပြေးလာတဲ့ စစ် သားနှစ်ယောက် နဲ့တွေ့လို့ ရွာကို ပြန်လာပြီး သတင်းပို့ကြတယ်။ ဒါကြောင့် ကိုယ့်ဘက်က တပ်သား ၂၀ လောက် လိုက်သွားတော့ ဟို နှစ်ယောက်ကခုခံလို့ တိုက်ပွဲဖြစ်ကြတယ်။ အဲ့ဒီ နှစ်ယောက်ထဲက တစ်ယောက်ကို အသေဖမ်းမိပြီး နောက်တစ်ယောက်ကို အရှင်ဖမ်းလာတာတွေ့တယ်" ဟု ပြောသည်။



တပ်ကြပ်ကြီး ၃ ဦးအပါအဝင် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၂ ဦးကို
ရက္ခိုင့်တပ်တော်က မတ်လ (၆) ရက်အထိ ဖမ်းဆီးရမိထားကြောင်း ရက္ခိုင့်တပ်တော်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

"  +++ ရွာနားက ၂ ယောက်ဖမ်းမိတဲ့အထဲက တစ်ယောက် အရှင်၊ တစ်ယောက် အသေ ဖမ်းမိတယ်။ ++ န်းနားမှာ ယောက်နဲ့ +++ က ၁ ယောက် ဖမ်းမိတယ်။  ယောချောင်းအထဲက ၇ ယောက်နဲ့ နောက်တစ်ရွာက တစ်ယောက်ဖမ်းရထားတယ်"ဟု ပြောသည်။

 ရက္ခိုင့်တပ်တော်သည် မင်းပြားမြို့နယ် ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်း” (သို့မဟုတ်) "တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း" အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်၊ ညနေ (၇) နာရီ အချိန်ခန့်တွင် အလုံးစုံသိမ်းပိုက် ရရှိခဲ့သည်။

 

၎င်းသင်တန်းကျောင်းမှ လက်နက်မချဘဲ ထွက်ပြေးလာသည့် တပ်သား ၆၀ ကျော်သည် မြေပုံမြို့နယ်အတွင်းမှ အရပ်သား ၂၀ ကျော်ကို မတ်လ ၄ ရက်က လူသားဒိုင်းကာ ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။

အဆိုပါ ပြည်သူများကိုဓားစာခံများအဖြစ် ဦးဆောင်ခေါ်ယူသွားသည့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်က လိုက်လံရှင်းလင်းတိုက်ခိုက်ရာ  မတ်လ (၈) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်ခန့်တွင် တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူး ကြည်း/၃၁၀၄၆ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် စစ်ကောင်စီတပ်ဖွဲ့အများအပြားကို အသေဖမ်းဆီးရမိခဲ့သည်ဟု တပ်တော်၏ ထုတ်ပြန်ချက်တွင် ော်ပြထားည်။

၎င်းတိုင်းဗဟို (၉) မှ ထွက်ပြေးနေကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူ (၂၀) ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါဓားစာခံများကို ရက္ခိုင့်တပ်တော်မှ ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

 ရက္ခိုင့်တပ်တော် (AA) က စစ်ရှုံးကာထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများအား တောတောင်များတွင် ကျန်ရှိနေနိုင်သည့်အတွက် သတိထားသွားလာကြရန် အရပ်သားပြည်သူများအား တိုက်တွန်းထားသည်ဟု ၄င်းက ပြောသည်။

 

 ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေး၏ ထုတ်ပြန်ချက်အရ အဆိုပါ မင်းပြားမြို့နယ် ၊ တိုင်းဗဟို ၉ သင်တန်းကျောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ စတင်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်ခန့် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခဲ့ပြီးနောက် ဖေဖော်၀ါရီ ၂၆  ရက်နေ့တွင် စစ်ကောင်စီ၏လေကြောင်းက မရပ်မနားခုခံတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ကူများကြားက သိမ်းပိုက်ရရှိခဲ့သည်။(NN-7)

ဆက်စပ် သတင်းများ