ရခိုင်ပြည်နယ်တွင် ယခုနှစ် စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုသူ ရှစ်ထောင်ကျော်ရှိပြီးတစ် သောင်းကျော် ပျက်ကွက်သည်ဟု သိ၇သည်။
၂၀၂၃-၂၀၂၄ခုပညာသင်နှစ်တွင် ရခိုင်တပြည်လုံးမှ စာမေးပွဲဝင်ရောက်ဖြေဆိုမည့် စာရင်း ၁၈၂၀၆ ဦးအထိဖြေဆိုခွင့် လျှောက်ထားခဲ့ပြီး ဝင်ရောက်ဖြေဆိုသူမှာ ၈၅၃၄ဦးအထိသာရှိပြီး ၁၀၀၅၉ ဦးထိပျက်ကွက်ခဲ့သည်ဟု ယနေ့ မတ် ၁၂ ရက်နေ့ စစ်ကောင်စီပိုင်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
၇ခိုင်တွင် ပြီးခဲ့သည့်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူဦးရေ ၄၁၇၅၃ဦးဖြေဆိုခဲ့ပြီး ယခုနှစ်တွင် ၈ထောင်ကျော်သာဖြေဆိုခဲ့သည့်အတွ
စစ်တွေမြိုတွင်လည်းမြို့ပေါ်လူဦးရေအနည်းငယ်သာ ဝင်ရောက်ဖြေဆိုပြီး တခြားမြို့နယ်များဖြစ်သည့်ရသေ့တောင်၊မင်းပြား၊ကျောက်တော်၊
" အထက(၄)တို့ အထက (၂)တို့ဆိုရင်အရင်နှစ်ကစာမေးပွဲ
၇ခိုင်ပြည်တွင် ပုံမှန်အားဖြင့်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နှစ်စဉ် စာစစ်ဌာန ၁၂၀ ကျော်ခန့်တွင် ယခင်ကကျင်းပ စစ်ဆေးလေ့ရှိသော်လည်း ယခုနှစ် ၂၀၂၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန ၆၉ ခုတွင်သာ ကျင်းပစစ်ဆေးနေကြောင်းသိရသည်။
ရခိုင်ပြည် မြောက်ဘက်ပိုင်းတွင်ဆိုလျှင်စစ်တွေမြို့ တစ်မြို့တွင်သာ စာမေးပွဲစစ်ဆေးလျှက်ရှိပြီးတောင်ဘက်ပိုင်းမှ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်၊ အမ်းနှင့် ကျောက်ဖြူမြို့တို့တွင် စာမေးပွဲကျင်းပစစ်ဆေးလျက်ရှိကြေ
ယခုနှစ် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့တွင် ဖြေဆိုသူ စာရင်းသွင်းအရေအတွက်မှာခရိုင်ပေါင်း(၁၁၄)ခရိုင်၊ မြို့နယ် ပေါင်း(၂၈၅)မြို့နယ်၊ စာစစ်ဌာနပေါင်း(၇၉၄)ဌာန ၊ စာမေးပွဲဖြေဆိုရ် စာရင်းသွင်းသူ ကျောင်းသား ကျောင်းသူ ( ၁၄၆၅၂၃ ) ဦး အနက် လာရောက်ဖြေဆိုသူဦးရေမှာ (၁၂၈၈၀၁)ဦး ရှိကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။
၂၀၂၂ - ၂၃ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ အရေအတွက် ၁သိန်း ၆သောင်းနီးပါးရှိခဲ့ပြီးယခုနှစ်တွင် ၁သိန်း ၂သောင်းကျော် အထိသာ ရှိသည့် အတွက် ပြီးခဲ့တဲ့စာသင်နှစ်နှင့် နှိုင်းယှဉ်ပါက ဖြေဆိုသူ ၄သောင်းကျော် လျော့ကျသွားကြောင်းသိ၇သည်။(NN-11)
ဓာတ်ပုံ - ပုံဟောင်းသာ