Preview

ဘင်္ဂလားနယ်စပ်အနီးရှိ အောင်သပြေစခန်းကို ရက္ခိုင့်တပ်တော် တိုက်ခိုက်သိမ်းပိုက်

မတ် ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :1342
ရခိုင် သတင်း

(၎င်းစခန်းရှိ စားနပ်ရိက္ခာများတွင် အဆိပ်သုတ်လူးထားမှုများတွေ့ရှိ)

ရက္ခိုင့်တပ်တော် (AA)သည် မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ကပ်ရပ်တည်ရှိသည့်အောင်သပြေ နယ်ခြားစောင့် စခန်းကို အောင်မြင်စွာ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းမတ်လ (၁၂) ရက် ရက္ခိုင်ပြည်တိုက်ပွဲ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အောင်သပြေနယ်ခြားစောင့်တပ်စခန်းအား ယမန်နေ့ (မတ် ၁၁ရက်) တွင်အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊  ရန်သူ့အလောင်းအချို့၊လက်နက်ခဲယမ်း အချို့တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းစခန်းမှဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သောနယ်ခြားစောင့်တပ်ဖွဲ့ဝင်များအရေအတွက်မှာ (၁၇၉) ယောက်အထိ ရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။  



၎င်းပြင် “ ရန်သူသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင်သေစေ တတ်သောအဆိပ်များကို သုတ်လူးထားခြင်း၊ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင်သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူးသတိပေးလိုက်ပါသည်”ဟု ဖော်ပြထားသည်။

ရသေ့တောင်မြို့ ထိုးစစ်ကို ယခင်ရက်များကဲ့သို့ အရှိန်မြှင့်တင်နေသကဲ့သို့စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  



မင်းပြားမြို့တွင် တိုက်ပွဲများမရှိသော်လည်းစစ်ကောင်စီသည် ယုတ်မာစွာဖြင့် မင်းပြားမြို့အတွင်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟု ဖော်ပြထားသည်။  

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည်အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို၇ဟတ်ယာဉ် (၁) စီးပေါ်မှ စက်သေနတ်ဖြင့် ညနေ (၅) နာရီခန့်မှစတင်ပြီး(၈) ကြိမ်ခန့် မိနစ်နှစ်ဆယ်အတွင်း လှည့်ပတ်ပစ်ခတ်သွားခဲ့သည်။အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှုများမှာ တစ်ရက်ပြီးတစ်ရက်ပိုမိုဆိုးဝါးလာခြင်းနှင့်အတူ ပိုမိုအတင့်ရဲစွာ ကျူးလွန်လျက်ရှိသည်ဟုဖော်ပြထားသည်။



မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.