တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရသေ့တောင်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်၊ရသေ့တောင်မြို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီကလည်းလေတပ်၊ကြည်းတပ်များကိုပါ အသုံးပြုပြီး စစ်ကူတိုက်ခိုက်နေကြောင်းသတင်းရရှိသည်။

ရသေ့တောင်မြို့တွင် မန် နေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၉နာရီခန့်ကနေ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဖက်မှလည်း ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ရသေ့တောင် ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

ဂျက်ဖိုက်တာကနေ ပေါင် ၅၀၀ ဗုံးနဲ့ ဗုံးလာကြဲတာ လုံးလောက်ရှိပြီ။ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောလို့ရတယ် ဟုပြောသည်။

ယင်းအပြင် မယူမြစ်အတွင်းတွင်  စစ်ကောင်စီ၏ ဇက်နေဗီ () စီးဖြင့်လည်း စစ်အင်အားဖြည့်ကာ တိုက်ခိုက်လျက်ရှိသည်ဟု ရသေ့တောင်‌ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

အစက နေဗီတစ်စီး။ နောက် ထပ် စီးထပ်ဖြည့်တယ်။ ပြီးတော့ စစ်တွေဖက်ကလည်း လက်နက်တွေ ပစ်တယ်။ ရသေ့တောင်ကိုလည်း ရက္ခိုင့်တပ်တော်က ပြတ်လုနီးပါး ဖြစ်နေပါပြီဟုပြော သည်။

ရသေ့တောင်မြို့နယ် ထွန်းရဝေ ကျေးရွာတွင်လည်း စစ်ကောင်စီက မတ်လ ၁၃ ရက် နံနက်အစောကြီး ညဉ့်အချိန် လေယာဉ်ဖြင့် ဗုံးကြဲ၍ နေအိမ်များပျက်စီးသွားကြောင်း ဒေသခံလူငယ်တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

ကျွန်တော်အိမ်လည်း မရှိလိုက်တော့ဘူး။  စကစ ဗုံးကြဲလို့ လူနေအိမ် တစ်ဆယ်ကျော် မီးလောင်ဆုံးရှုံးသွားပါတယ်။  ၁၃..၂၀၂၄ နံနက် အစောကြီး ညဉ့်အချိန် သေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို ဗုံးကြဲတာပါ။ ဉ့် အချိန်ဖြစ်တဲ့အတွက် ာကြဲတဲ့ လေယာဉ် ဘယ်လို အမျိုးအစားဆိုတာကိုတော့ မသိရပါဟု ပြောကြားသည်။

ရသေ့တောင်တွင် အခြေစိုက်သည့် ခမရ (၅၇၆) (၅၃၇ )နှင့် (၅၃၈) တို့အား တိုက်ခိုက်နေသည့် ိုးစစ်ကို ရက္ခိုင့်တော် (AA) က အရှိန်မြှင့်တင်တိုက်ခိုက်နေသကဲ့သို့ စစ်ကောင်စီ ဘက်မှလည်း  ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်မှ  ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ