စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင် လက်နက်ကြီးကျည်ထိမှန်၍ မြို့နယ် (၂)ခု၌ အရပ်သား ၅ ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

သဉ္ဇာနွယ်

ရခိုင်တွင် စစ်ကောင်စီမှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍  မြို့နယ် (၂) ခု၌ အရပ်သား ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားကြောင်သတင်းရရှိသည်။

မင်းပြားမြို၊ ဈေးဟောင်းပိုင်းရပ်ကွက်ကို ပြီးခဲ့သည့်  မတ်   ၁၂ ရက်နေ့ နံနက် ၁၁နာရီခန့်က စစ် ကောင်စီမှ ဗုံးလာကြဲခဲ့သဖြင့်  အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံးခဲ့ရသည်ဟု မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ  သတင်းဌာနကိုပြောသည်။

"  မြို့သိမ်းထားပြီဆိုတော့ မြို့ကို ကိုယ့်ဖက်က အချိန်နဲ့ ဝင်ခွင့်ပေးတယ်။  ကိုယ့်အိမ်အခြေနေ ဝင်ကြည့်ကြတာပေါ့နော်။ သန့်ရှင်းရေးတွေဘာတွေလုပ်ကြတာ။ အဲ့ဒီအချိန်မှာ  ဗုံးချသွားတာ ။ ယောက်ျား လေး ၁ ယောက်နဲ့ မိန်းမကြီး ၂ ‌ယောက် ပွဲချင်းပြီးသေသွားပါတယ် " ဟုပြောသည်။

အလားတူ  မတ် လ  ၈ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာတွင်လည်း စစ်ကောင်စီ၏ ပါဒလိတ်တပ်ရင်းမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့်  အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွား သည်ဟုပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး (  PYA ) က နိရဉ္စရာသတင်းဌာနကိုပြောသည်။

"   သူတို့က ပေါက်တောမှာစစ်ရှောင်နေတာ။ ရွာမှာအေးချမ်းပြီဆိုပြီး ပြန်လာကြတာပါ။  ကုလားတန် မြစ်က‌ နေ တန်းစွယ်ချောင်း ဆိပ်ကမ်းမှာ စက်လှေတွေကပ်တယ်လေ။ ဆိပ်ကမ်းကိုအတက်မှာ လက်နက်ကျသွားတာ။  စက်လှေမောင်းသူ‌အပါအဝင် အမျိုးသမီး ၂ ယောက်သေတယ်။ ၂ ယောက်က ဒဏ်ရာရတယ်" ဟုပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ အရပ်သား ၁၁၁ ဦးသေဆုံးပြီး၊ ၃၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့် မတ်လ  ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။ 

ဆက်စပ် သတင်းများ