လူထက်နိုင်(ဒွာရာမြီ)
နိရဉ္စရာ၊ မတ် ၁၆/၂၀၂၄
ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင်ဒေသအတွင်း ပြည်သူများထံမှ ပစ္စည်းအနည်းအများပေါ် မူတည်ပြီး ဥပဒေမဲ့ ငွေကြေးကောက်ခံမှုများပြုလုပ်နေသည်ဟု သတင်းရရှိသည်။
ပိုက်ဆံကိုယ်တိုင်ပေးခဲ့၇သူ အမျိုးသမီးတစ်ဦးက “လမ်းတွေ ပိတ်ထားတယ်ဆိုပြီးတော့ ဒါကို အခွင့်အရေးယူပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားနေကြပါတယ်။ ဂိတ်တိမှာ စောင့်နေတဲ့ သူတွေကဘယ်ပစ္စည်းဝယ်ဝယ် ဂိတ်ကိုဖြတ်မယ်ဆိုရင် ပစ္စည်းများရင်ကျပ် ၃ သောင်း၊ ပစ္စည်းနည်း ၂သောင်း ပေး၇ပါတယ်။ ဝယ်လာတဲ့ ပစ္စည်းတွေကလည်း သူတို့လိုချင်တာဆိုရင် တစ်ဝက်ပေး၇ပါတယ်။ ကျေးရွာ ဥက္ကဋ္ဌတွေက ပိုလို့ ဆိုးပါတယ်။ သံတွဲကရွှေကျောင်းပြင်ဂိတ်မှာကျွန်မတိုကားကို တားလို့ ၃ သောင်း ပေးခဲ့၇ပါတယ်”ဟုပြောကြားသည်။
၎င်းရွှေကျောင်းပြင်ဂိတ်တွင် ရဲသားနှင့် စစ်သားများရှိပြီးယခုလို အတင်းဓမ္မ ငွေကောက်နေသည်မှာ ၂ လခန့်ရှိနေပြီဟု ပြောဆိုသည်။
“ ခုလိုခေတ်မကောင်းချိန်မှာထမင်းတလုတ်စား၇ဖို့အတွက်အခက်အခဲကြားက ရုန်းကန် နေ၇တဲ့သူတွေ အများကြီးပါ။ ဒီလို မစာနာမထောက်ထားပဲ ဒီလုပ်နေတာတွေကို အသနားခံပနာ ပြောပြတာပါ။ အထက်က လူတွေသိစေချင်ပါတယ်။ ဒီအတွက်ကြောင့် တင်ပြလိုက်၇တာပါ”ဟု၎င်းက ဆက်လက်ပြောကြားသည်။
သံတွဲမြို့ တွင် ဘားဒေါင့်ဂိတ်၊စာနီတောင်ဂိတ်၊ ရွှေ
မတ်လ ၁၀ ရက်နေ့ကလည်းနိုင်ငံတွင်း တရားဝင်ခွင့်ပြုထားသည့် စားသောက်ကုန်များ တင်ဆောင်လာသည့်သုံးဘီးယာဉ် ၄ စီးခန့်ဖမ်းဆီးစစ်ဆေးခဲ့ပြီး ငွေပေးမှ ပြန်လွတ်ပေးခဲ့သည်ဟု ဆိုသည်။
“ လူတွေကို အသုံးအဆောင်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ သယ်ယူခွင့်ကန့်သတ်ထားတော့ ခက်ခဲလာပြီလေ။မနေ့ကလည်း တုတ်တုတ်သုံးဘီးတွေဖမ်းတယ်။ငွေပေးတော့ အဆင်ပြေတယ်လို့ ကြားရတယ်။ ၇ေကြေ
၎င်းစစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ကလေးဒိုက်ဘာများ၊ အမျိုးသမီးလစဉ် သုံးဂွမ်းထုတ်များ၊ ဖုန်းအားသွင်းကြိုးများအထိသယ်ယူ
သံတွဲမြို့သို့ တောင်ကုတ်နှင့် ဂွမြို့နယ်တို့မှ ကွမ်းစားဆေးရွက်ကြီး၊ အချိုမှုန့်၊ စက်သုံးဆီနှင့် စားသုံးဆီများ၊ ကလေးဒိုက်ဘာများ၊ အမျိုးသမီးလစဉ် သုံးဂွမ်းထုတ်များ၊ ဖုန်းအားသွင်းကြိုး၊ ဖိနပ်၊ လျှပ်စစ်ပစ္စည်းများ၊အိမ်ဆောက်
သံတွဲမြို့မှတဆင့် ကျေးရွာများအား ပစ္စည်းများသယ်ယူရာတွင်ဆင်ခေါင်
“ ဟိုနေ့က ဘိလပ်မြေသယ်တာ ပိုက်ဆံ ၃၀၀၀၀ သောင်းပေးခဲ့ရတယ်လို့သိ၇တယ်။ စား
၇ခိုင်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက် အချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသေး
ပြည်မမှ သယ်ဆောင်လာသည့် အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစည်းများကို သံတွဲမြို့သို့ သယ်ဆောင်မည့် ကုန် ားများသည် ကားပေါ်တွင်တင်မည့် ပစ္စည်းအမျိုးအမည်များကို စစ်ကောင်စီ ထွေအုပ်ရုံးသို့ တင်ပြ၇ပြီး၊ ထောက်ခံချက်များနှင့်အတူ စစ်ဆေးရေးဂိတ်များအား ဖြတ်သန်း၇ကြောင်း ကုန်သည်များထံမှ သိ၇သည်။
ထိုသို့ ကုန်စည်များသယ်ယူ ခွင့်ကို ကန့်သတ်တားမြစ်ထား
ထိုသို့ ကုန်ပစ္စည်းများအပေါ် ငွေကြေး ကောက်ခံမှု ပြုလုပ်နေသဖြင့် ဈေးဆိုင်များကလည်း ဈေးတင်ပြီး ရောင်းချကြသဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို သံတွဲဒေသခံများ ရင်ဆိုင်နေ၇သည်ဟုဆိုသည်။
ရန်ကုန်မှ သံတွဲမြို့ သို့ပစ္စည်း သယ်ယူရန် ဂွမြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကိုဖြတ်၇သည့် အပြင် ဧရာ၀တီတိုင်းမှ ငသိုင်းချောင်းမြို့နယ်၊ ရေနံ့သာစစ်ဆေးရေးဂိတ်များကိုလည်းဖြတ်သန်း ရသည်ဟု သိ၇သည်။
လက်ရှိ အချိန်တွင် ပိတ်ပင်ထားသည့် စားသုံး ကုန်ပစ္စည်းများကိုမှောင်ခိုသယ်ယူနေကြပြီးစစ်ကောင်စီ တာဝန်ရှိသူများမှာ သူဌေးဖြစ်နေကြပြီဖြစ်ကြောင်း ဒေသခံများမှ သုံးသပ် ပြောဆိုကြသည်။
စစ်ကောင်စီသည် ၇ခိုင်ပြည်နယ်တွင် ဖြတ်လေးဖြတ်လုပ်ဆောင်ကာ မြို့ဝင်မြို့ထွက်များကို ပိတ်ဆို့ထားသည့်ချိန်တွင် တခြားတဖက်တွင်လည်းစစ်သား၊ရဲသားနှင့် ထွေအုပ်တို့က ယခုကဲ့သို့ စီးပွားရှာနေကြခြင်းဖြစ်ကြောင်း