သဉ္စာနွယ်၊ နိရဉ္စရာ၊ မတ် ၁၆ /၂၀၂၄
စစ်တွေမြို့၏ ရဲတပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ဇနီးမောင်နှံ ( ၂) ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
စစ်တွေမြို့၊ စက်ရုံစု ရပ်ကွက်(၂)တွင် ယမန်နေ့ မတ်လ ၁၅ ရက် ညဉ့် ၁၂ နာရီခန့်က စစ်တွေတက္ကသိုလ်အနီး ဘုမေရွာရှိ ရဲတပ်ရင်း ၃၆ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ဇနီးမောင်နှံ ( ၂) ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။
“ မနေ့ညက ဘုမေ မွတ်ဆလင်ရွာဖက်က ရဲတပ်ရင်းက လက်နက်ကြီးကျည်ပစ်လို့ မရမာကြီးကယ်ဆယ်ရေးနောက်က ကျူးကျော်မှာနေကြတဲ့ရပ်ကွက် စက်ရုံစုမှာကျလို့ လင်မယား နှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်။ နာမည်တွေ အသက်တွေကိုမသိရဘူး။ ဆေးရုံတော့ပို့ထားကြတယ်”ဟုပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီမှ စစ်တွေမြို့သို့ မကြာခဏ လက်နက်ပစ်ခတ်မှုရှိသောကြောင့် မြို့ခံများမှာ စိုးရိမ်နေကြရသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။
“ သူတို့ပစ်ချင်သလို ပစ်နေကြတာ။ လူတွေသေတာလည်း မနည်းတော့ဘူး။ မြို့ထဲကို ရည်ရွယ်ပြီးပစ်နေတာ။ မြို့ခံအနေနဲ့ကတော့ ဟိုကိုလည်း ပြေးမရ ဒီကိုလည်းပြေးလို့မရဘူး။ စိုးရိမ်ပူပန်မှုတွေရှိပေမယ့် တောင့်ခံပြီး နေကြ၇ပါတယ် “ ဟုပြောသည်။
စစ်ကောင်စီမှပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့ကဆိုလျှင် ရန်ပြေမာန်ပြေအနောက်ဖက် ကိုရီးယားပျံကျဈေးတွင် ဈေးရောင်းဈေးဝယ်ပြုလုပ်သူ ၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ခန့်ဒဏ်ရာမှုများရှိသလို မတ်လ ၉ ရက်နေ့ကလည်း အင်ပါလာ မွတ်ဆလင်ရပ်ကွက်မှ မွတ်ဆလင် ၇ ဦးသေဆုံးပြီး ၉ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်းသိ
ယင်းအပြင် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် စစ်တွေပါဒလိတ်ကျေးရွာရှိ အမှတ်(ရ) စာသင်ကျောင်းအနီးသို့ ကျရောက်ခဲ့