ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား‌၄ ဦးထက်မနည်း သေဆုံးပြီး ၈ဦးခန့်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၁၇/ ၂၀၂၄

ရခိုင်ပြည်၊ မြောက်ဦးမြို့ကို စစ်ကောင်စီက ဗုံးကြဲ၍ ရပ်သား ၄ဦးထက် မနည်းသေဆုံးပြီး  ၈ဦးခန့် ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

မြောက်ဦးမြို့ကို ယနေ့ မတ် ၁၇ ရက်  နံနက်အစောကြီး  ညဉ့် ၁၂ နာရီကျော်အချိန်ခန့်က Y-12ဖြင့် ဗုံးလာကြဲခဲ့သည်ဟု မြောက်ဦးမြို့ပေါ်ရပ်ကွက်မှ လူငယ်တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

ဒီနေ့ နံနက် ၄နာရီမှာ  နန်းရာကုန်းမှာ ပွဲတစ်ခု ရှိတယ်။ အဲ့ဒီသွားကြတဲ့ လူတွေဆီမှာလည်း ဗုံးကြဲခံရလို့ ကျနော်သိရသလောက် သားအမိ နှစ်ယောက် သေတယ်ကြားတယ်။ ဒဏ်ရာ ရသူတွေလည်း များတယ် " ဟုပြောသည်။

အဆိုပါ စစ်ကောင်စီ၏ Y-12 လေယာဉ်သည် ညဉ့် အချိန် ၁၂ နာရီခန့်ကပင် မြို့‌ ပေါ် ဝဲပျံနေပြီး မြို့ပေါ် ရပ်ကွက်များသို့ ဗုံးလာကြဲခဲ့သဖြင့်  တောင်ရပ်ရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်တို့တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုများရှိသည်ဟု ၎င်းကပြောသည်။

" ကျနော်တို့ အတိကျမသိရသေးဘူး။ တောင်ရပ်ရပ်ကွက်က နေလလက်ဖက်ရည်ဆိုင် နဲ့ အိမ်ပြို ပျက်တယ်။ ရွှေတောင်မှာ ၄ယောက် သေတယ် ယောက်ျားရော မိန်းမရော။ လက်ရှိ ဆေးရုံ ပို့ထားကြတယ် " ဟုပြောသည်။

စစ်ကောင်စီ လေယာဉ်မှ ကြဲချသည့် ဗုံးများသည် မြောက်ဦး ု့ထဲတောင်ရပ်ခွဆုံ၊ ဘားဘူတောင်နား၊ ကုန်သည်တန်းနန်းရာကုန်းအနီး နေရာများတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက  ပြောဆိုသည်။

သေဆုံးသူများအထဲတွင်း မြောက်ဦးမြို့ ကြက်သျှာကျွန်း ရပ်ကွက်မှ ဒေါ်ဘုဘု အသက်(၃၇)နှစ် (ဘ) ဦးအမဲ ပါဝင်ပြီး မြောက်ဦးမြို့ ကုန်သည်တန်းရပ်ကွက်တွင် ဗုံးဒဏ်ထိ သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် ပြီးခဲ့သည့် မတ်လ ၁၅ရက်နေ့ကလည်း ရွာဟောင်းတောရပ်ကွက်မှ အသက်(၁၆)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးပြီး နှစ်အရွယ်ယောက်ျားကလေး ()ဦးတွင်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ရက္ခိုင့် တပ်တော်သိမ်းပိုက်ထားသည့် မြောက်ဦးမြို့ ကို စစ်ကောင်စီမှထပ်မံ၍ ဗုံးကြဲသဖြင့် မြို့ပေါ်သို့ ပြန်လည်ရောက်ရှိနေသည့် မြို့ခံများမှာလည်း စိုးရိမ်နေရသည်ဟု မြို့ခံများကပြောသည်။

၂၀၂၄ ခုနှစ် မတ်လ ၁ ရက်မှ  ၁၅ ရက်အတွင်း ရခိုင်ပြည်ရှိ လူနေရပ်ကွက်၊ ကျေးရွာများအတွင်းသို့ စစ်ကောင်စီမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးမျာဖြင့် တမင်ရည်ရွယ် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အရပ်သားပြည်သူ  ၂၁ ဦး အထိ သေဆုံးခဲ့ရကြောင်း နိရဉ္စရာသတင်းဌာနမှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။ 



ဆက်စပ် သတင်းများ