စိုးစံအောင်၊ နိရဉ္စရာ၊မတ် ၁၈ / ၂၀၂၄
ရခိုင်ပြည်၊သံတွဲမြို့ပေါ်တွင် စစ်မှုထမ်းခေါ်ယူခံရပြီး စစ်သင်တန်းတက်မည့်သူများအတွက် စားစရိတ် ထောက်ပံ့ကြေးဟုဆိုကာ အိမ်ထောင်စုတစ်ခုကို ၅၀၀၀ ကျပ်စီ စစ်ကောင်စီကကောက်နေကြောင်း မြို့ခံများကပြောသည်။
ယမန်နေ့မတ်လ၁၈ ရက်က သံတွဲမြို့၊ ဗောဓိကုန်းရပ်ကွက်တွင် အိမ်ထောင်စုတစ်ခုစီမှ ကျပ်ငွေ ၅၀၀၀ကျပ်စီလာရောက်ကောက်ယူသွားပြီး စစ်သင်တန်းတက်နေသူများကိုထောက်ပံပေးရန်အတွက်ဟုပြောဆိုသွားကြောင်း မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။
" သံတွဲဗောဓိကုန်းရပ်ကွက်မှာ တစ်အိမ်ကို ငါးထောင်လိုက်ကောက်နေတယ်။ စစ်သင်တန်း တက်နေသူတွေကို ထောက်ပံပေးဖို့အတွက်လို့ပြောတယ်"ဟု သူမကပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလာရောက်ကာ အိမ်တိုင်းစေ့ ငွေကြေးကောက်ခံသွားခြင်းဖြစ်ကြောင်းမြို့ခံများက ပြောသည်။
သံတွဲမြို့နယ်တွင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို မတ်လ ၆ ရက်တွင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီးယနေ့ မတ်လထဲစတင်၍ ကျေးရွာအုပ်စုတစ်ခုမှလူငယ်နှစ်ဦးစီ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းခေါ်ယူနေသည်ဟုသိ၇သည်။
ဗောဓိကကုန်းရပ်ကွက်တွင် ယမန်နေ့ကလူငယ် ၂၅ ဦးထဲမှ စစ်မှုထမ်းခေါ်ယူမည့်သူတစ်ဦးကိုမဲနှိုက် ရွေးချယ်ခဲ့ရကြောင်း ရပ်ကွက်တွင်းနေထိုင်သူများကပြောသည်။
စစ်ကောင်စီသည်ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို လေးလတကြိမ်စီ လူသစ်စုဆောင်းပေးရမည်ဟု အတင်းအကျပ် ဖိအားပေးထားသည့်အတွက်အခက်တွေ့နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကနိရဥ္စရာသတင်းဌာနသို့ပြောသည်။ ပုံစာ- သံတွဲမြို့