Preview

ရခိုင် အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအား ရာထူးမှဖယ်ရှားခံရပြီး အရန်အင်အားသို့ ပြောင်းရွှေခံရဟု သတင်းထွက်

မတ် ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :21272
ရခိုင် သတင်း

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ ၊ မတ် ၂၀ /၂၀၂၄

စစ်ကောင်စီ၏ ရခိုင်အခြေစိုက်အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးရာထူးမှ ဖယ်ရှားရခံပြီးအရန်အင်အားသို့ ပြောင်းရွှေခံရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

၇ခိုင်စစ်မျက်နှာတွင်  မြို့နယ် ၉ ခုထိ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပြီးနောက်စစ်ကောင်စီသည် ရခိုင်မှ အရေးကြီးသည့် စစ်ရာထူးတာဝန်ကို အပြောင်းအလဲပြုလိုက်သည်ဟု စစ်ရေးလေ့လာသူများကပြောသည်။

ဗိုလ်ချုပ်ထင်လတ်ဦးနေရာတွင်  တပ်မ (ရ၇) တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန် (စတသ ၄၁) အား အစားထိုးခန့်အပ်လိုက်သည်ဟုသိ၇သည်။

ရက္ခိုင့်တပ်တော်( AA)ထံ စစ်ရှုံးနေမှုနှင့်ပတ်သက်ပြီး  တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် စကားများထိုးကြိတ်ခဲ့သည့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်ကိုလည်းရာထူးတာဝန်မှ ဖယ်ရှားပြီး အရန်အင်အားပို့လိုက်ပြီဖြစ်ကြောင်း သိ၇သည်။ဒ

" မနေ့က ညပိုင်းလောက်ကတည်းက သတင်းကရတယ်။အရန်အင်အားကို ပြောင်းလိုက်တာ။ ဘယ်သူ့ကို အစားထိုးမယ် ဆိုတာတော့ အသေးစိတ်ပြောလို့မရတာ”ဟု စစ်တပ်နှင့်ရင်းနှီးသော သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။

ရရ တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်အား ဗိုလ်ချုပ်ထင်လတ်ဦးနေရာတွင် အစားထိုးခန့် အပ်မည်ဟု သတင်းများထွက်ပေါ်နေသကဲ့သို့ ဗိုလ်မှူးချုပ် နေမျိုးအောင်အားစစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်နေရာတွင် အစားထိုးခန့်အပ်သည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် စစ်ရေးအရ အကြီးအကျယ်ရှုံးနိမ့်နေမှုနှင့်ပတ်သက်ပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ထင်လတ်ဦးနှင့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ ရန်ဖြစ်စကားများကြရာမှ ထိုးကြိတ်မှုဖြစ်ခဲ့ကြပြီး ဗိုလ်ချုပ်ထင်လတ်ဦးမှာ သွားကျိုးပြီး ဗိုလ်မှူးချုပ် မျိုးမင်းလတ်မှာမူ နှာခေါင်းရိုးကျိုးသွားကာ ရန်ဖြစ်မှုကို စစ်ကောင်စီက စုံညီခုံရုံးဖွဲ့၍ အရေးယူခဲ့ကြောင်း သိရှိ၇သည်။

CDM  ဗိုလ်ကြီးဇင်ယော်ကရခိုင်တိုင်းမှူး အပြောင်းအလဲနှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် မတ်လ ၂၀ ရက်နေ့က  ယခုလို ရေးသားထားသည်။

“ သတင်းဌာနတစ်ခုနဲ့ ရခိုင်အကြောင်း အင်တာဗျူးဖြေနေတုန်း "နပခတိုင်းမှူးကို မအလ ချိန်းတော့မယ် ထင်တယ်" လို့အင်တာဗျူးလည်း ဖြေပြီးရော အတွင်းသတင်း ရောက်လာတယ်။"

"ဆရာရေ နပခတိုင်းမှူး ပလုံသွားပြီဗျို့"ဆိုပြီး။”

“အသစ်ရောက်လာတဲ့ ရရ တပ်မမှူး ဘာလုပ်မလဲ ကြည့်ရမယ်။ ကံဆိုးမယ်လို့ ပြောရမယ်။ဘာလို့လဲ ဆိုတော့ AA ခေါင်းပေါင်းဟာ ကူမင်းကအပြန် ကျောက်ဖြူကို ထပ်ပြီးရအောင်ယူဖို့ များတယ်”ဟု  CDM  ဗိုလ်ကြီးဇင်ယော်မှ လူမှုကွန်ရက်တွင် မတ်လ ၂၀ ရက်နေ့က ရေးသားထားသည်။

ဗိုလ်ချုပ်ထင်လတ်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်းဆင်းဖြစ်ပြီး စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် ရခိုင်ပြည်နယ်တိုင်းမှူး အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိ၇သည်။

 

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.