Preview

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးကျည်စထိမှန်၍ ဒေသခံ ၂ ဦး ဒဏ်ရာရ

မတ် ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :960
ရခိုင် သတင်း

( ၃ လ ကျော်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်တွင် ၇ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာ၇ )

အေးမြတ်ခိုင်/နိရဉ္စရာ၊ မတ်လ ၂၁၊ ၂၀၂၄

၇ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်၍ ဒေသခံ ၂ ဦးထပ်မံ ဒဏ်ရာရရှိခဲ့ပြီး ၃ လ ကျော်အတွင်း အရပ်သားပြည်သူ ရ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူ ၂၂ ဦးအထိ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် စစ်တွေအခြေစိုက် ခလ၇ ၃၄၄ မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အသက် ၄၀ ကျော်တစ်ယောက်က ခြေနှစ်ဘက်လုံးပြတ်သွားပြီး တင်ပါးမှာလည်း ဒဏ်ရာပြင်းတယ်။ နောက် ၅၀ ကျော်အရွယ်တစ်ယောက်လည်း ကျည်ထိပါသေးတယ်"ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၄၀ ကျော်အရွယ် ဦးမောင်ထွန်းသိန်း နှင့် အသက် ၅၀ ကျော်အရွယ် ဦးလှသိန်းထွန်းတို့ ဖြစ်သည်။

ယင်းအပြင် ပုဏ္ဏားကျွန်း မြို့နယ်အတွင်း ဇန်နဝါရီလ ၆ ရက်မှ မတ်လ ၁၈ ရက်အထိ လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံး ရ ဦး၊ ဒဏ်ရာရရှိသူ ၂၂ ဦးရှိကြောင်း နိရဉ္စရာမှ ပြုစုထားသည့် စာရင်းအရ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သေဆုံးသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာမှ ၁ ဦး၊ ကျွဲထိုးကျေးရွာမှ ၁ ဦး၊ တန်းစွယ်ကျေးရွာမှ ၂ ဦး နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ကယ်ဆယ်ရေးလာလုပ်သူ ပေါက်တောမြို့နယ် ဆယ်သိန်းတန်ရွာမှ ၃ တို့ ဦးတို့ဖြစ်သည်။

သေဆုံးသူများအထဲတွင် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၆ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ကွန်းတောင်ကျေးရွာမှ ၂ ဦး၊ မင်းကန်ရွာမှ ၁ ဦး၊ တန်းခိုးရွာမှ ၂ ဦး၊ ကျွဲထိုးရွာမှ၃ ဦး၊ တန်းစွယ်ရွာမှ ၁ ဦး၊ ကုန်းတန်းကြိမ်ချောင်းရွာမှ ၉ ဦး၊ စပါးထားရွာမှ ၂ ဦးနှင့် ပေါက်တောမြို့နယ်၊ ဆယ်သိန်းတန်ကျေးရွာမှ ၂ ဦးတို့ ဖြစ်ကြသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအနက် အသက် ၃ နှစ်မှ ၁၈ နှစ်အတွင်း လူငယ်(၇) အထိပါဝင်ပြီး  အမျိုးသမီး ၁၃ ဦး၊ အမျိုးသား ၉ ဦး စုစုပေါင်း ၂၂ဦးဖြစ်ကြောင်း သိ၇သည်။

ထိခိုက်သေဆုံးမှုဖြစ်စဉ်များအတွင်း စစ်ကောင်စီ ရေတပ်ဇက်နေဗီ နှင့် စစ်တပ်စခန်းများမှ လူနေကျေးရွာများကို ပစ်ခတ်သည့်အတွက် ကျည်ထိမှန်ခဲ့ကြခြင်းဖြစ်ပြီး စစ်တွေအခြေစိုက် ခလ၇(၃၄၄) တပ်ရင်း၏ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်သည်ကို တွေ့၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.