- Web Master
- ၀၄ စက်တင်ဘာ ၂၀၂၄
အိမ်စိုးဖြူ/နိရဉ္စရာ၊ မတ် ၂၁/ ၂ဝ၂၄
တကျော့ပြန်တိုက်ပွဲကာလ ၄ လကျော်ကြာမြှင့်လာပြီးနောက်
ရခိုင်မှ စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ
ပြတ်တောက်လာနေပြီး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
စစ်ဘေးရှောင်တချို့မှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာရသူများဖြစ်ပြီး
၎င်းတို့ အနေဖြင့် မြေလွတ်၊ လယ်ကွင်းများတွင် တဲထိုးနေထိုင်ကြပြီး အချင်းချင်း
ဝေမျှ စားသောက် နေကြ
“ တချို့ ပိုက်ဆံတတ်နိုင်တဲ့သူတွေက
ရွာတွေမှာ အိမ်ငှားနေကြတယ်။ အများစုကတဲထိုးနေကြရတယ်။ ဒီနေ့ဆိုရင်မိုးရွာလို့ တာပေါ်လင်တွေလန်ကုန်ပါတယ်။ ကျွန်မတို့က ကွင်းပြင်မှာ
နေတာပါ။ တချို့
မိန်းမတွေက အဝတ်တစ်စုံနှစ်စုံနဲ့ပြေးလာခဲ့
ရက္ခိုင့်တပ်တော်(AA) နှင့် အကြမ်းဖက် မြန်မာစစ်ကောင်စီတပ်တို့သည့် လွန်ခဲ့သည့် ၂ဝ၂၃ ခုနှစ် ၊ နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ တကျော့ပြန် တိုက်ပွဲပြီးနောက် ရခိုင်ပြည်နယ်တဝှမ်း စစ်ဘေးရှောင် ၃ သိန်းကျော်ရှိနေကြောင်း လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့က ရက္ခိုင့်တပ်တော်(AA) မှထုတ်ပြန်သည့် စာရင်းအရ သိရသည်။
လက်ရှိအချိန်အထိ တိုက်ပွဲကာလ ၅ လကျော်ကြာမြှင့်လာပြီဖြစ်သည့်အတွက်
စစ်ဘေးရှောင်များရှိနေသည့် မြို့နယ်များတွင် ထိုသို့ အခက်အခဲဖြစ်နေကြရသည်ဟု ဆိုသည်။
စစ်ဘေးရှောင်သူများမှာ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်စသည့် မြို့နယ်တို့တွင် အများဆုံးဖြစ်ကြောင်း ဒေသခံလူမှုရေးလှုပ်ရှားသူများ
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လူမှု့ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ လူငယ်တစ်ဦးက “ ကျွန်တော်တို့ နားမှာဆိုရင် တောင်းရမ်းစားသောက်သူတွေထိ တွေ့နေကြရပါတယ်။ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီနေ့ မိုးရွာတော့ မိုးထက်လေအများကြီး တိုက်ခဲ့တော့ ခြင်ထောင်ချပြီးနေသူတွေ၊ တဲထိုးနေသူတွေ၊ သစ်ပင်အောက်တွေမှာ နေသူတွေအတွက် အင်မတန်အခက်တွေ့သွားပါတယ်။ တာပေါ်လင်စတွေအလှူခံပြီး ပြန်လုပ်ပေးဖို့ လုပ်ကြရပါမယ်” ဟုပြောသည်။
၎င်းအပြင် အမျိုးသမီးနှင် ကလေးငယ်များမှာ အဟာရမပြည့်ဝမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ၎င်းကဆိုသည်။
“ အမျိုးသမီးတွေက လစဉ်သုံးအထုတ်တွေမရှိကြတော့ဘူး။ ကလေးတွေက အဟာရချို့တဲ့မှုတွေ ရှိပါတယ်” ဟု သူက ဆက်ပြောသည်။
အာဏာသိမ်းစစ်တပ်သည်
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် လူနေရပ်ကွက်၊ ကျေးရွာများကို နေ့စဉ်နှင့် အမျှ ဗုံးကြဲ
တိုက်ခိုက်မှုများရှိနေ
၎င်းအပြင် တနိုင်ငံလုံးကို အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်ပြီးနောက်ပိုင်း စစ်တွေမြို့အပါအဝင် မြို့နယ်တချို့မှ ဒေသခံများမှာ စစ်မှုထမ်းရမည်ကို စိုးရိမ်၍ ဘေးလွှတ်ရာ ထွက်ပြေးနေကြရသည့်အတွက် စစ်ဘေးရှောင်ဦးရေလည်း ထပ်တိုးလာနေသည်ဟု သိရသည်။