Preview

နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် ဝါဒဖြန့်စွဲချက်ဖြင့် အမ်းမြို့မှ အမျိုးသမီး၂ ဦး အပါအဝင် ၄ ဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်

မတ် ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :1136
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊မတ် ၂၂/၂၀၂၄

နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် ဝါဒဖြန့်သည်ဟုဆိုကာ ၅၀၅(က)နှင့် ၃ ဦး၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၁၇ (၂)တို့ဖြင့် ၁ ဦး၊ စုစုပေါင်း အမ်းဒေသခံ ၄ ဦးကို ရခိုင်ပြည်၊ အမ်းမြို့နယ် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၃)နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်မတည်မငြိမ်ဖြစ်ရန် ဝါဒဖြန့်သည်ဟုဆိုကာ ရာဇသတ်ကြီး ပုဒ်မ၅၀၅(က)ဖြင့်တရားစွဲဆိုခံရသည့် အမ်းမြို့ ဈေးတောင်ရပ်ကွက်မှမတင်နီလာအောင်၊ ဒိုင်ကြီးကျေးရွာမှ ဒေါ်မိုးပွင့်ဖြူ၊ပြိုင်းတောကျေးရွာမှ ဦးဇော်ဝင်းထွန်းနှင့်  ပုဒ်မ ၁၇(၁)(၂)ဖြင့် တရားစွဲခံရသူ  အမ်းမြို့ ပြည်သူ့ကျန်းမာရေးဌာနတွင် အလုပ်လုပ်ကိုင်နေသည့်ဦးအောင်အောင်သိန်းတို့ဖြစ်ကြောင်းသိ၇သည်။

၅၀၅(က)နှင့်အမှုဖွင့်ခံထား၇သူ ၃ ဦးကို မတ်လ (၈)ရက် နေ့ကအမ်းမြို့နယ်တရားရုံးတွင် အမိန့်ချမှတ်ခဲ့ပြီး ၁၇(၁)၊(၂)ဖြင့်အမှုဖွင့်ခံ၇သူ ဦးအောင်အောင်သိန်းကို မတ် လ ၁၉ရက်နေ့ကအမိန့်ချမှတ်ခဲ့သည်ဟု အမ်းမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" သူတို့တွေကအမိန့်ချတဲ့ရက်ကတော့မတူဘူး။ ထောင်ဒဏ် ၃ နှစ်ချခံ၇တာတော့တူတယ်။ ၅၀၅(က)နဲ့ ထောင်ချခံရတဲ့ဦးဇော်ဝင်းထွန်း ခမ၇၃၇၂က စစ်တပ်မိသားစုလို့သိရတယ်။ နောက်တစ်ယောက်က ပြည်သူ့ကျန်းမာရေးဌာနမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းပါ။  ဆရာဝန်တော့မဟုတ်ဘူး။သူက ပုဒ်မ၁ရနဲ့ ထောင်ဒဏ်ချမှတ်ခံရတာပါ " ဟုပြောသည်။

ထောင်ဒဏ်ချမှတ်ခံ၇သည့် အမျိုးသား(၂)ဦးကိုယနေ့ မတ် ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်တွေ အကျဉ်းထောင်သို့ လေယာဉ်ဖြင့် ပို့ဆောင်လိုက်ပြီးကျန်အမျိုးသမီး(၂)ဦးကို အမ်းမြို့တရားရုံးတွင် ဆက်လက်ထိန်းသိမ်းထားသည်ဟုအမ်းမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" ယောကျာ်းနှစ်ယောက်ကိုဒီနေ့ စစ်တွေထောင်ကို လေယာဉ်နဲ့ပို့တယ်။ နောက်မိန်းကလေး နှစ်ယောက်ကိုတော့  နောက်တစ်ခေါက်ပို့မယ်ထင်တယ်" ဟုပြောသည်။

အမ်းမြို့၊ ဈေးတောင်ရပ်ကွက်နေ“Nilar Aung”  facebook အကောင့်ပိုင်ရှင် တင်နီလာအောင်(ခ)မီးငယ်အား စစ်ကောင်စီက၂၀၂၃ ခုနှစ်  ဒီဇင်ဘာ ၆ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်သည်။

လက်ရှိထောင်ဒဏ်ချခံရသူများသည်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ယက်စာမျက်နာပေါ်၌ လှုံ့ဆော်ခြင်းဝါဒဖြန့်မှုများ ပြုမှုလုပ်ဆောင်ခဲ့သည်ဟု ဆိုကာ  စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုအမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။ 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.