တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မြေပုံ သရက်တောင်ကျေးရွာကို စစ်ကောင်စီဗုံးလာကြဲ၍ အသက် ၅၀အရွယ် အမျိုးသားနှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 924

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ မတ် ၂၃/ ၂၀၂၄

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့အနီးရှိ သရက်တောင်ကျေးရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်  ဗုံးလာကြဲ၍ အသက်ငါးဆယ်အရွယ် အမျိုးသားနှစ်သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

၎င်းကျေးရွာကို ယနေ့ မတ်လ ၂၃ ရက်နေ့ နေ့လယ် ၁၂နာရီခွဲအချိန်ခန့်က ဂျက်ဖိုက်တာ(၂)  စီးဖြင့် ဗုံးလာကြဲခဲ့သည်ဟု သရက်တောင် ကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

ဗုံး    လုံးလောက်ပစ်ခဲ့တယ်။ ရွာအနီးနားဝန်းကျင်မှာ ဝဲပျံပြီးပစ်တာပါ။ ရော့ကဒ်နဲ့လည်း ပစ်တယ်။  အခုညနေ  ၄နာရီထိ သိရသလောက် ယောကျ်ား  နှစ်ယောက် သေတယ်။ တစ်ယောက်က ပုစွန်တာမှာအလုပ်လုပ်‌‌နေတုန်း ကျည်ထိမှန်သွားတာ။ နောက်တစ်ယောက်က အိမ်ထဲမှာရှိတုန်း ထိတာ။ ခါးပိုင်းပြီးသေတယ်။ နောက်တစ် ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်ဟုပြောသည်။

သေဆုံးသူမှာ  မင်းပြားမြို့နယ်၊ ခေါင်းလောင်း‌ချောင်းကျေးရွာမှ လာရောက် အလုပ် လုပ်ကိုင်နေသည့် ဦးစိုးမြအောင် (၅၇)နှစ်နှင့်  ခါးပိုင်းပြီးသေဆုံးသွားသူမှာ သရက်တောင်ရွာမှဖြစ်ပြီး  အသက် ၅၀အရွယ်ခန့် ရှိသည့် အမျိုးသားတစ်ဦးဟု ဒေသခံများကပြောသည်။

စစ်ကောင်စီသည် မြေပုံမြို့နယ်ကို ဗုံးကြဲခဲ့သည်မှာ ၂ရက်ဆက်တိုက်ရှိနေပြီဖြစ်၍ ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူများ နေထိုင်သည့် သံသယကြောင့် အရပ်သားများနေထိုင်သည့် ကျေးရွာများကို လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကမ်းထောင်းကြီးဒေသခံ တစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

အခု လာပစ်တဲ့ရွာနဲ့ ကျနော်တို့ကမ်းထောင်းကြီးနဲ့နီးတယ်။ မနေ့က အပစ်ခံရတဲ့ ညောင်ကန်နဲ့လည်း နီးတယ်။ ဒီရွာဝန်းကျင်ကိုပဲလာပစ်တာ။ ကိုယ့်တပ်တော်က လူတွေရှိတယ်ဆိုပြီး သတင်းပေးတဲ့ လူတွေရှိတယ်။ စစ်ကောင်စီက တိုက်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေကို ပစ်မှတ်ထားကတည်းက စစ်ရာဇဝတ်မှုကျူးလွန်နေတာပဲဟုပြောသည်။

၎င်းသရက်တောင်ကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ရက်နေ့ကလည်း စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်၍ အသက် ၆၅ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့ (မတ် ၂၂ ရက်) ကလည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ‌‌‌၎င်းကျေးရွာအနီးရှိ ညောင်ကန်ကျေးရွာတွင် သေဆုံးသူ ၁၀ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူ ၁၃ ဦးရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

သရက်တောင်ကျေးရွာတွင် အိမ်ခြေ ၅၀၀ကျော်ခန့် ရှိပြီး လူဦးရေ ၃၀၀၀ ကျော် ေထိုင်ကြကြောင်းသိရသည်။  Photo -ပေးပို့/ ညနေ ၄နာရီအထိ သတင်းရရှိမှု

ဆက်စပ် သတင်းများ